အိန္ဒိယတပ်လေယာဉ် ပျံသန်းနေတုန်း ပျောက်

  • 22 ဇူလိုင် 2016
Antonov AN-32 ဓာတ်ပုံ မူပိုင် Indian Air Force
Image caption အိန္ဒိယ တပ်က Antonov AN-32 လေယာဉ် တစီး

အိန္ဒိယ တောင်ပိုင်း ချင်နိုင်းမြို့ကနေ ကပ္ပလီကျွန်းကို သွားတဲ့ အိန္ဒိယ လေတပ်ပိုင် လေယာဉ်တစင်း ပျောက်ဆုံး နေတယ်လို့ အိန္ဒိယ စစ်ဘက်က ပြောပါတယ်။

အိန္ဒိယ တပ်က Antonov AN-32 အမျိုးအစား လေယာဉ်ပေါ် လူ ၂၉ ယောက် လိုက်ပါလာပြီး ဘင်္ဂလား ပင်လယ်အော်ပေါ် ပျံသန်းနေစဉ် ပျောက်ဆုံး သွားတာပါ။

၃ နာရီကြာ ပျံသန်းရမယ့် ခရီးစဉ် အတွင်း ရေဒါ ပေါ်က ပျောက်ဆုံး သွားတာ ဖြစ်ပါတယ်။

အိန္ဒိယ ရေတပ်၊ လေတပ်နဲ့ ကမ်းခြေစောင့် တပ်တွေ ပေါင်းပြီး ရှာဖွေရေးတွေ လုပ်နေပါတယ်။

ကပ္ပလီ ကျွန်းတွေဟာ အိန္ဒိယ သမုဒ္ဒရာထဲမှာ တည်ရှိပြီး အိန္ဒိယ အစိုးရက အရေးပါတဲ့ စစ်စခန်း တခု ထားရှိတဲ့ နေရာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ