ပေါ့ကီမွန်ဂိုး ဂျပန်မှာ စဖြန့်

  • 22 ဇူလိုင် 2016
Pokemon Go ဓာတ်ပုံ မူပိုင် Getty Images
Image caption လန်ဒန်မှာ ကစားတဲ့ ပေါ့ကီမွန်ဂိုး

အင်မတန် လူကြိုက်များနေတဲ့ ပေါ့ကီမွန်ဂိုး ဖုန်းဂိမ်းကို ဂျပန်မှာ စဖြန့်လိုက်ပါပြီ။

ချက်ချင်း မဖြန့်နိုင်ဘဲ နှောင့်နှေးခဲ့လို့ ပေါ့ကီမွန် အရုပ်လေးတွေရဲ့ သန်းနဲ့ချီတဲ့ ပရိသတ်တွေ စိတ်ပျက်ခဲ့ရပါတယ်။

တကယ်က ဂျပန်ဟာ ပေါ့ကီမွန်ဂိမ်း စပေါ်ခဲ့တဲ့ နိုင်ငံပါ။

တခြား ၃၁ နိုင်ငံမှာ ဒီဂိမ်းကို ဖြန့်ခဲ့ပြီး ဖြစ်ပေမယ့် ဂျပန်မှာတော့ စီးပွားရေး အငြင်းပွားမှု တချို့ကြောင့် ချက်ချင်း မဖြန့်နိုင် ဖြစ်ခဲ့တာပါ။

Image caption အရုပ်ကလေးတွေနဲ့ တကယ့်ကမ္ဘာထဲမှာ ယှဉ်ပြိုင် လို့ရ

ဒီဂိမ်းမှာ မွန်စတာ အရုပ်လေး ၁၅ဝ ကျော်ပါပြီး ဒီအရုပ်ကလေးတွေနဲ့ တကယ့် ကမ္ဘာထဲမှာ ယှဉ်ပြိုင် တိုက်ခိုက်ပြီး ဖမ်းဆီးလို့ ရပါတယ်။

ကမ္ဘာတဝှမ်းမှာ ပေါ့ကီမွန်ဂိုးဂိမ်း အကြီးအကျယ် အောင်မြင်နေတာမို့ ဂျပန်မှာလည်း တအားပေါက် လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

ပေါ့ကီမွန်ကို ပိုင်တဲ့ နင်တန်းဒိုး ကုမ္ပဏီ အစုရှယ်ယာတွေ ထိုးတက်သွားပြီး ဂျပန်မှာ အကြီးဆုံး နည်းပညာ ကုမ္ပဏီ ဖြစ်တဲ့ ဆိုနီ ကိုတောင် ဖြတ်ကျော်သွားပါပြီ။

နင်တန်းဒိုးက ဒေါ်လာ ၃၈ ဘီလျံ အမြတ်ရနေပြီလို့ သိရပါတယ်။