ထိုင်းမှာ ၈ နှစ် သမီးတွေကို တရားစွဲ

thai ဓာတ်ပုံ မူပိုင် AFP
Image caption ထိုင်းဖွဲ့စည်းပုံသစ်ကို ဆန့်ကျင် ကန့်ကွက်နေကြ

ထိုင်းမှာ လာမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆန္ဒခံယူပွဲ မဲစာရွက်တွေ ဖျက်ဆီးမှုနဲ့ ၈ နှစ် အရွယ် မိန်းကလေး ၂ ယောက်ကို တရားစွဲတယ်လို့ သိရပါတယ်။

ဒီ မိန်းကလေးတွေက ကလေး ဘာဝ မဲစာရွက်တွေကို စုတ်ဖြဲ ကစားကြတာလို့ ရဲမှတ်တမ်းတွေက ဆိုပါတယ်။

သြဂုတ်လမှာ ကျင်းပမယ့် ဒီဆန္ဒခံယူပွဲ အကြောင်း ပြောဆို ဆွေးနွေးတာတွေကို ပိတ်ပင်ထားပြီး ဒါကို ဆန့်ကျန်တဲ့ လူ တရာကျော်ကို ဖမ်းထားတယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း အခြေခံ ဥပဒေ မူကြမ်းကို မဲပေးတာဟာ နိုင်ငံကို ဓားပြ တိုက်တာနဲ့ တူတယ်လို့ ဆိုတဲ့ ထိုင်း ရှေ့နေတယောက်ကို ဖမ်းပါတယ်။

စစ်တပ်က ရေးဆွဲတဲ့ ထိုင်းဖွဲ့စည်းပုံ အရ ရွေးကောက်ခံ အစိုးရတွေကို အာဏာ သိပ်မရှိအောင် လုပ်ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ