တိဘက် အဆောက်အအုံတွေကို တရုတ် ဖျက်ဆီး

  • 22 ဇူလိုင် 2016
tibet
Image caption တိဘက် ဘာသာရေး ကျောင်းဆောင်တခု

တိဘက်က ဗုဒ္ဓဘာသာ စာသင်တိုက်ကြီးတွေရှိတဲ့ လရွန်ဂါ ဒေသက အဆောက်အအုံတွေကို တရုတ် အစိုးရက စတင် ဖျက်ဆီးနေတယ်လို့ တိဘက်အရေး လှုပ်ရှားတဲ့ အုပ်စုတွေက ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ ထဲက စပြီး ဖျက်နေတာလို့ လန်ဒန် အခြေစိုက် တိဘက် လွတ်မြောက်ရေး အုပ်စု က ပြောပါတယ်။

ဒီမှာ နေတဲ့ လူတွေကိုလည်း ဖယ်ရှား ထားပြီလို့ ဆိုပါတယ်။

လရွန်ဂါ လူဦးရေကို ငါးထောင် ထိ ထက်ဝက် လျှော့ချ သွားဖို့ အရင်လကပဲ အာဏာပိုင်တွေက ညွှန်ကြား ခဲ့ပါတယ်။

ဒီမှာ လူသိပ်များနေတယ်လို့ပဲ တရုတ် အစိုးရက အကြောင်းပြတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ