ဒေါ်နယ်ထရမ့် ရီပတ်ဘလစ်ကန် သမ္မတလောင်းဖြစ်ပြီ

  • 22 ဇူလိုင် 2016
trump ဓာတ်ပုံ မူပိုင် Reuters
Image caption အထိအရှ မခံဘူး ဆိုပြီး လုပ်သင့်တာတွေကို ရှောင်နေလို့ မရနိုင်တော့

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ အဆိုပြု ခံရတဲ့ ဘီလျံနာ သူဌေးကြီး ဒေါ်နယ် ထရမ့်က သူ့ကို ရွေးချယ်မှုကို တရားဝင် လက်ခံလိုက်ပါတယ်။

မိတ်ဆွေများ၊ ကိုယ်စားလှယ်များနဲ့ အမေရိကန် နိုင်ငံသားများ ခင်ဗျာ၊ အမေရိကန် သမ္မတလောင်း အဖြစ် ယှဉ်ပြိုင်ဖို့ ကမ်းလှမ်းမှုကို ကျွန်တော့ အနေနဲ့ လေးစားစွာ ကျေးဇူးတင်စွာ လက်ခံပါတယ် ဆိုပြီး ဒေါ်နယ် ထရမ့် က ပြောသွားပါတယ်။

အိုဟိုင်းယိုး ပြည်နယ် ကလိဗလန်း မှာ လုပ်တဲ့ ပါတီ ညီလာခံမှာ မစ္စတာ ထရမ့်က ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်အောင် လုပ်ဆောင်မှာ ဖြစ်ပြီး အထိအရှ မခံဘူး ဆိုပြီး လုပ်သင့်တာတွေကို ရှောင်နေလို့တော့ မရနိုင်တော့ဘူးလို့ ဒေါ်နယ် ထရမ့် ကပြောခဲ့ပါတယ်။

အစ္စလာမ် အစွန်းရောက်တွေ ကြောင့် အမေရိကန်လုံခြုံရေးက အန္တရာယ် ရှိနေတယ်၊ အထောက်အထား မရှိ လာရောက်နေထိုင်သူတွေ၊ ကုန်သွယ်ရေး သဘောတူညီချက်တွေကြောင့် အမေရိကန် အလုပ်သမားတွေ ထိခိုက်နေတယ် လို့လည်း သူက ပြောပြတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ