ကာဘူးလ် ဆန္ဒပြပွဲ အသေခံ ဗုံးခွဲ တိုက်ခိုက် ခံရ

  • 23 ဇူလိုင် 2016
kabul_attack_
Image caption ဟာဇရား လူနည်းစု တွေ ပြုလုပ်တဲ့ ဆန္ဒပြပွဲကို ပစ်မှတ် ထား တိုက်ခိုက် ခံခဲ့ရတာ ဖြစ်။

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကာဘူးလ်မှာ ဗုံးပေါက် ကွဲခဲ့တဲ့ အတွက် အနည်းဆုံး လူ အယောက် ၈ဝ သေဆုံး ခဲ့ရပြီး၊ လူ ၂ဝဝ ကျော်လည်း ထိခိုက် ဒဏ်ရာ ရသွားပါတယ်။

ဟာဇရား လူနည်းစု တွေ ပြုလုပ်တဲ့ ဆန္ဒပြပွဲကို ပစ်မှတ် ထား တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

ဟာဇရား မျိုးနွယ်စု ဝင် တွေဟာ ရှီအာ မွတ်ဆလင်မ် တွေ ဖြစ်တဲ့ အတွက် ပစ်မှတ် ထားပြီး သူတို့ လူ နှစ်ယောက်က အသေခံ ဗုံးတွေ ခွဲခဲ့တာ ဖြစ်တယ်လို့ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS က ကြေညာ ပါတယ်။

အခု တိုက်ခိုက်မှုကို အာဖဂန်မှာ နေရာချ ထားတဲ့ နေးတိုး တပ်ဖွဲ့ က ရှုတ်ချ ခဲ့သလို၊ သေဆုံး ခဲ့သူတွေ ရဲ့ သွေးကြွေး အတွက် လက်တုံ့ ပြန်မယ် ဆိုပြီး တော့လည်း အာဖဂန် သမ္မတ အာရှရတ်ဖ် ဂါနီ က ပြောခဲ့ပါတယ်။

သေဆုံး သူတွေ အတွက် တနင်္ဂနွေ နေ့ကို တနိုင်ငံလုံး ဝမ်းနည်း ပူဆွေးဖွယ် နေ့ အဖြစ် ကြေညာ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ