ရုရှား မိုးပျံပူဖောင်း မရပ်မနား ကမ္ဘာပတ်

  • 23 ဇူလိုင် 2016
Fedor Konyukhov ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှား မိုးပျံပူဖောင်း သမား ဖီယက်ဒို ခေါ်ညိုကော့ဗ်

ရုရှား မိုးပျံပူဖောင်း သမား ဖီယက်ဒို ခေါ်ညိုကော့ဗ် ဟာ မရပ်မနား ကမ္ဘာပတ်ခဲ့ပြီး စံချိန်သစ် ချိုးနိုင်ခဲ့ပြီလို့ ဆိုကြောင်း သြစတြေးလျ အရာရှိတွေက ပြောပါတယ်။

သူဟာ သြစတြေးလျ အနောက်ပိုင်း နော်သမ် မြို့ကနေ လွန်ခဲ့တဲ့ ၁၁ ရက်ကျော်က ခရီးစကာ အဲဒီနေရာကို ပြန်ဖြတ် သွားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တကယ်လို့ ကမ္ဘာ့ လေကြောင်းဆိုင်ရာ အားကစား အဖွဲ့က သူ့စံချိန်ကို အတည်ပြု လက်ခံမယ် ဆိုရင် ၂ဝဝ၂ ခုနှစ်တုန်းက စံချိန်တင်ခဲ့တဲ့ အမေရိကန် နိုင်ငံသား Steve Fossett တင်ခဲ့တဲ့ စံချိန်ထက် နှစ်ရက်လျော့ကာ ကမ္ဘာ့စံချိန် ချိုးသွားမှာ ဖြစ်ပါတယ်။

ခေါ်ညိုကော့ဗ် ဟာ ၅၆ မီတာ မြင့်တဲ့ မိုးပျံ ပူဖောင်းနဲ့ စနေနေ့ ညနေပိုင်းလောက်မှာ မြေပြင်ကို ဆင်းသက်လာမယ်လို့ ယူဆရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ