မြူးနစ်မြို့ ပစ်ခတ်မှု ဖြစ်ခဲ့ရာ နေရာဆီ ပြည်ထဲရေး ဝန်ကြီး သွားရောက်

  • 23 ဇူလိုင် 2016
_munich_security
Image caption သေဆုံး ၊ ဒဏ်ရာ ရခဲ့ရသူ တွေ ထဲက အများစုဟာ ဆယ်ကျော် သက် အရွယ် တွေ ဖြစ်ပါတယ်။

ဂျာမနီ နိုင်ငံ မြူးနစ် မြို့မှာ သောကြာ နေ့က လူ ၉ ဦး သေဆုံး ခဲ့ရတဲ့ သေနတ် ပစ်ခတ်မှု ဖြစ်ပေါ် ခဲ့ရာ နေရာကို ဂျာမနီ ပြည်ထဲရေး ဝန်ကြီး သေမတ်စ် ဒါ မဲန်ဇယဲ သွားရောက် ခဲ့ပါတယ်။

ဂျာမန် ပြည်သူ လူထု အားလုံးရဲ့ ဝမ်းနည်းမှု တွေကို တပါတည်း ဆောင်ကြဉ်း ပြီး အခင်း ဖြစ်ရာဆီ သွားခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီး မဲန်ဇယဲ က ဆိုပါတယ်။

သောကြာနေ့ ပစ်ခတ်မှု အတွင်း သေဆုံး ၊ ဒဏ်ရာ ရခဲ့ရသူ တွေ ထဲက အများစုဟာ ဆယ်ကျော် သက် အရွယ် တွေ ဖြစ်ပါတယ်။

ပစ်ခတ်မှု ကျူးလွန်သူ သေနတ်သမားဟာ အသက် ၁၈ နှစ် အရွယ် အလီ ဒေးဗဟ် ဆန်ဘိုလီ ဖြစ်တယ် လို့ ဒေသတွင်း မီဒီယာ တွေက ပြောပါတယ်။

သူဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS နဲ့ ဆက်စပ်မှု မရှိကြောင်း ဂျာမန် ရဲတပ်ဖွဲ့က ပြောသလို၊ နော်ဝေ နိုင်ငံမှာ လူတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့သူ အဲန်ဒတ်စ် ဘယ်ရ်ရင်း ဘရဲဗစ်ခ် ရဲ့ အပြုအမူပေါ် စိတ်စွဲလမ်း အားကျ နေသူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ