မြူးနစ် သေနတ်သမား ကြံနေတာ တနှစ်ကြာပြီ

  • 24 ဇူလိုင် 2016
Image caption မြူးနစ် တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ နေရာက မြင်ကွင်း

ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ခဲ့တဲ့ ဂျာမနီ နိုင်ငံ မြူးနစ်မြို့က လူကိုးယောက် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုမှာ အသက် ၁၈နှစ်သာရှိသေးတဲ့ သေနတ်သမားဟာ ဒီတိုက်ခိုက်မှုကို ကြံရွယ်နေတာ တနှစ်ကြာပြီလို့ ပြစ်မှုဆိုင်ရာ ဌာနက အာဏာပိုင်တွေက ပြောပါတယ်။

သေနတ်သမားလို့ ဆိုနေတဲ့ David Ali Sonboly ဟာ ဂလော့ခ် ပစ်စတို သေနတ်ကို အင်တာနက် ပေါ်ကနေ တဆင့် တရားမ၀င် ၀ယ်ယူခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ နိုင်ငံရေး နဲ့ ပတ်သက် ဆက်နွယ်မှု အထောက်အထားတွေ မတွေ့ရသလို သေနတ်သမား အနေနဲ့ သေဆုံး ဒဏ်ရာရခဲ့တဲ့ လူတွေကို ချိန်ရွယ် ပစ်ခတ်တာမျိုးလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဂျာမနီ နိုင်ငံ မြူးနစ်မြို့မှာ သေနတ် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးတဲ့နောက် နိုင်ငံအတွင်း သေနတ်ကိုင်ဆောင်မှု ဆိုင်ရာ ဥပဒေကို ပြန်ပြီး သုံးသပ်ဖို့ ပြင်နေပြီး ဂျာမန် ပြည်ထဲရေး ဝန်ကြီး သေမတ်စ် ဒါ မဲန်ဇယဲ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ