ဂျာမနီမှာ ဓားနဲ့ တိုက်ခိုက်ခံရလို့ အမျိုးသမီး တစ်ဦး သေဆုံး

  • 24 ဇူလိုင် 2016
germany_attack
Image caption ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဂျာမနီ နိုင်ငံထဲ ခိုလှုံခွင့် တောင်းခံထားတဲ့ ဆီးရီးယား လူမျိုး တစ်ဦးကို ဖမ်းဆီး ထား။

ဂျာမနီ နိုင်ငံ တောင်ပိုင်း မြို့ ရိုင်တလင်ဂန် မှာ လူတစ်ယောက်က ဓားနဲ့ တိုက်ခိုက်လို့ အမျိုးသမီး တစ်ဦး သေဆုံးပြီး တခြား လူ နှစ်ယောက် လည်း ဒဏ်ရာ ရရှိ ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဂျာမနီ နိုင်ငံထဲ ခိုလှုံခွင့် တောင်းခံထားတဲ့ ဆီးရီးယား လူမျိုး တစ်ဦးကို ဖမ်းဆီး ထားတယ်လို့ ဂျာမန် ရဲတပ်ဖွဲ့က ပြောပါတယ်။

တိုက်ခိုက်မှု ကျုးလွန် တဲ့ အကြောင်းအရင်း ကို မသိရ သေးပေမယ့် အကြမ်းဖက် ဝါဒနဲ့ အဆက်အစပ် ရှိနေတယ် ဆိုတဲ့ အထောက်အထား မျိုးတော့ မတွေ့ရဘူး လို့ ဆိုပါတယ်။

ဂျာမနီ မှာ ပြီးခဲ့တဲ့ တနင်္လာ နေ့က ဘဗားရီးယား နယ် အတွင်း မီးရထားပေါ် အာဖဂန်နစ္စတန် က လာသူ တစ်ဦးက ပုဆိန် နဲ့ တိုက်ခိုက်လို့ လူ ၅ ဦး ဒဏ်ရာရခဲ့ပြီး၊ သောကြာ နေ့တုန်းကလည်း မြူးနစ်မြို့ မှာ ဆယ်ကျော်သက် သေနတ်သမားရဲ့ လက်ချက်နဲ့ လူ ၉ ဦး သေဆုံး ခဲ့ရပါတယ်။

သောကြာနေ့ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး၊ သေနတ်သမား ဒေးဗစ် အလီ ဆွန်ဘိုလီ ဟာ တိုက်ခိုက်မှုကို ကျူးလွန်ဖို့ နှစ်နဲ့ချီ ပြင်ဆင် နေခဲ့တာ ဖြစ်တယ်လို့ ဂျာမန် အာဏာပိုင်တွေက ပြောပါတယ်။

လူတွေ အစုလိုက် အပြုံလိုက် ပစ်သတ်ခံ ခဲ့ရဖူးတဲ့ နေရာတစ်ခု ကို ဆွန်ဘိုလီ သွားရောက်ပြီး ဓာတ်ပုံတွေ ရိုက်ယူ ခဲ့တယ် လို့လည်း ဆိုပါတယ်။

ပစ်ခတ်မှု မှာ အသုံးပြုခဲ့တဲ့ ပစ္စတို သေနတ်ကို အထူး ဆော့ဖ်ဝဲတွေ သုံးမှ ဝင်လို့ရတဲ့ အင်တာနက် ဝက်ဘ်ဆိုက် တစ်ခု ကနေ တရားမဝင် ဝယ်ယူ ခဲ့တာ ဖြစ်တယ်လို့ ဂျာမန် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ