အစ္စတန်ဘူလ်မှာ လူတွေ သောင်းနဲ့ချီပြီး ဒီမိုကရေစီ ထောက်ခံပွဲ ကျင်းပ

  • 24 ဇူလိုင် 2016
_turkey_pro_democracy_rally_
Image caption စစ် အာဏာသိမ်းဖို့ ကြိုးစား ခဲ့မှုကို ရှုတ်ချ တဲ့ အနေနဲ့ ချီတက် ခဲ့ကြတာ ဖြစ်ပါတယ်။

တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့မှာ ပြုလုပ်ခဲ့တဲ့ ဒီမိုကရေစီ ထောက်ခံရေး လှည့်လည် ချီတက်ပွဲ မှာ လူတွေ သောင်း နဲ့ချီ ပါဝင် ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပေါ်ခဲ့တဲ့ စစ် အာဏာသိမ်းဖို့ ကြိုးစား ခဲ့မှုကို ရှုတ်ချ တဲ့ အနေနဲ့ ချီတက် ခဲ့ကြတာ ဖြစ်ပါတယ်။

တာ့ခ်ဆင်းမ် ရင်ပြင်မှာ စုရုံးခဲ့ ကြတဲ့ ဒီ ပွဲကို အတိုက်အခံ CHP ပါတီက ဦးဆောင် ဆော်ဩ ခဲ့တာ ဖြစ်ပေမယ့် သမ္မတ အာဒိုအန် ရဲ့ AK ပါတီကို ထောက်ခံ သူတွေ ပါပူးပေါင်း ပါဝင် ခဲ့ကြပါတယ်။

CHP ပါတီ ရဲ့ ဒုတိယ ခေါင်းဆောင် ဖြစ်တဲ့ ဗယ်လီ အဂ်ဘာဘာ ကတော့ အစိုးရ က လူတွေ သောင်းနဲ့ချီ ဖမ်းဆီး နေတဲ့ လုပ်ရပ် အပေါ်မှာပါ ပြစ်တင် ဝေဖန် ခဲ့ပါတယ်။

ဖမ်းဆီးခံ ထားရသူ တချို့ဟာ ရိုက်နှက် ညှင်းပမ်းခံရ မုဒိန်းကျင့်ခံရတာ တွေ ရှိနေတယ် ဆိုတာကို ဖော်ပြ နေတဲ့ ယုံကြည်လောက်ဖွယ် အထောက်အထား တွေ ရရှိ ထားတယ် ဆိုပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International က ပြောပါတယ်။

အစ္စတန်ဘူလ်နဲ့ အဲန်ကာရာ မြို့တွေမှာ ချုပ်နှောင် ခံထား ရသူတွေ ကို နှုတ်အားဖြင့် စော်ကား ခြိမ်းခြောက်တာ မျိုး အစာရေစာ နဲ့ လိုအပ်တဲ့ ဆေးကုသမျိုး ပမပေးတာမျိုး တွေ ရှိတယ် ဆိုတဲ့ သတင်းတွေလည်း ရထားတယ်လို့ Amnesty အဖွဲ့က ဆိုပါတယ်။

ထိပ်တန်း စစ်ဘက် အရာရှိကြီးတွေ မုဒိန်း ကျင့်ခံ ရတာကို မြင်ခဲ့ ရတယ်လို့ အဖမ်း ခံထားရသူ တချို့က သူတို့ရဲ့ ရှေ့နေ တွေကို ပြန်ပြော ပြတယ်လို့ ဆိုပါတယ်။

တူရကီ အာဏာပိုင်တွေ ကတော့ ဒီစွပ်စွဲချက် တွေဟာ အဓိပ္ပာယ် မရှိဘူး ဆိုပြီး ငြင်းဆန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ