ကယ်လီဖိုးနီးယား တောမီး ပြင်းထန်

  • 25 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ပြင်းထန်တဲ့ လေတိုက်နှုန်း ကြောင့် မီးခိုးတွေ ပြာတွေ က လော့စ်အိန်ဂျလိစ် မြို့ အထိ ရောက်ရှိနေ

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်မှာ တောမီး လောင်ကျွမ်း နေတာကြောင့် လူနေအိမ် ၁၈ လုံး ပျက်စီး ခဲ့ရပြီး လော့စ်အိန်ဂျလိစ် မြို့ မြောက်ဘက် ကို ကူးစက်ဖို့ ခြိမ်းခြောက် နေတယ်လို့ မီးသတ် ဌာနက သတင်း ထုတ်ပြန်ပါတယ်။

တောမီး လောင်ကျွမ်းမှုကြောင့် ဧက ပေါင်း ၂၂၀၀၀ ကျော် ပျက်စီး ဆုံးရှုံး ခဲ့ ရ ပြီး ဆန်တာ ကလာရီတာ ဒေသ မှာ ရှိတဲ့ အိမ်ပေါင်း ၁၅၀၀ က လူတွေ ကို အရေးပေါ် ပြောင်းရွှေ့မှုတွေလည်း လုပ်ခဲ့ရပါတယ်။

မီးလောင်ကျွမ်း ထားတဲ့ ကားတစ်စီးထဲမှာ သေဆုံး နေသူ တစ်ဦး ကို ရှာဖွေ တွေ့ ရှိခဲ့ရပြီး တောမီး လောင်ကျွမ်းမှုကြောင့် သေဆုံး ခဲ့ရတာ လား ဆိုတာ စိစစ် မှုတွေ လုပ်နေပါတယ်။

ပြင်းထန်တဲ့ လေတိုက်နှုန်း ကြောင့် မီးခိုးတွေ ပြာတွေ က လော့စ်အိန်ဂျလိစ် မြို့ အထိ ရောက်ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ