ဂျာမနီမှာ ခိုလှုံခွင့် ငြင်းပယ်ခံရသူက အသေခံ ဗုံးခွဲ တိုက်ခိုက်

  • 25 ဇူလိုင် 2016
Image caption လူ ပေါင်း ၂၅၀၀ ကျော် ကို အရေးပေါ် ကယ်ဆယ် ခဲ့ရ

ဂျာမနီ နိုင်ငံမှာ ဒုက္ခသည် ခံယူခွင့် ငြင်းပယ် ခံထားရတဲ့ လူတစ်ယောက် က အသေခံ ဗုံးဖောက်ခွဲ ခဲ့တာကြောင့် လူ ၁၂ ဦး အပြင်း အထန် ဒဏ်ရာ ရရှိ ခဲ့ပါ တယ်။

ဂျာမနီ တောင်ပိုင်း အန်းရှ်ဘက် မြို့မှာ ဆီးရီးယား နိုင်ငံသား တစ်ယောက်က ကျောပိုး အိတ်ထဲက ဗုံးကို ဖောက်ခွဲ ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ် အရွယ် ဆီးရီးယား အမျိုးသား က တေးဂီတ ပွဲတော် တစ်ခုကို ဝင်ရောက်ဖို့ အတွက် ငြင်းဆန် ခံရပြီးနောက် ဖောက်ခွဲမှုကို လုပ်ခဲ့တာလို့ ဘာဗေးရီးယား ဒေသ ပြည်ထဲရေး ဝန်ကြီး က ပြောပါတယ်။

အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီးနောက် တေးဂီတ ပွဲတော် ကို လာရောက် တဲ့ လူ ပေါင်း ၂၅၀၀ ကျော် ကို အရေးပေါ် ကယ်ဆယ် ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ ကလည်း ဘာဗေးရီးယား ဒေသ က ရိုင်တလင်ဂန် မြို့ က ရထား ပေါ်မှာ လူ တစ်ယောက် က ဓါးနဲ့ တိုက်ခိုက်ခဲ့လို့ အမျိုးသမီး တစ်ဦး သေဆုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ