ဂျပန်မှာ မသန်စွမ်း ဂေဟာ ဓားနဲ့ အတိုက်အခိုက် ခံရလို့ လူဒါဇင်ကျော် သေဆုံး

  • 25 ဇူလိုင် 2016
Image caption ဆာဂါမီဟားရား မြို့ မသန်စွမ်း ဂေဟာထဲ လူတစ်ယောက် ဓားနဲ့ ဝင်ရောက် တိုက်ခိုက် ခဲ့လို့ အနည်းဆုံး လူ ၁၅ ယောက် သေဆုံး။

ဂျပန် နိုင်ငံ ဆာဂါမီဟားရား မြို့မှာ မသန်စွမ်း တွေကို စောင့်ရှောက်တဲ့ ဂေဟာထဲ လူတစ်ယောက် ဓားနဲ့ ဝင်ရောက် တိုက်ခိုက် ခဲ့လို့ အနည်းဆုံး လူ ၁၅ ယောက် သေဆုံး သွားတယ် ဆိုပြီး ဂျပန် ရဲတပ်ဖွဲ့က ပြောပါတယ်။

နောက်ထပ် ၄၅ ယောက်လည်း ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်သူ ဟာ အဲဒီ့ ဂေဟာမှာ အလုပ် လုပ်ကိုင်ဖူးသူ ဖြစ်တဲ့ အသက် ၂၆ နှစ် အရွယ် အမျိုးသား ဖြစ်ပြီး တိုက်ခိုက်မှု ကျူးလွန် ခဲ့ပြီးတဲ့ နောက် ရဲစခန်းကို သွားရောက် အဖမ်း ခံခဲ့တယ် လို့ အဲဒီ့က လာတဲ့ သတင်းတွေ က ဆိုပါတယ်။

ဘာ့ကြောင့် ဒီလို သတ်ဖြတ် ခဲ့တာ လည်း ဆိုတာကိုတော့ မသိရသေးပါဘူး။

ဆာဂါမီဟားရား မြို့ဟာ တိုကျို မြို့တော် အနောက်ဘက် မှာ ရှိပြီး၊ Kanagawa ကာနာဂါဝါ ခရိုင် အုပ်ချုပ်မှု အောက်က မြို့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ