အမေရိကန်မှာ ဒီမိုကရက်တစ် ပါတီ ညီလာခံ စတင်

  • 25 ဇူလိုင် 2016
us_democrats_convention
Image caption ညီလာခံ ကနေ ဟီလာရီ ကလင်တန်ကို ဒီမိုကရက်တစ် ပါတီကို ကိုယ်စားပြုတဲ့ သမ္မတ လောင်း အဖြစ် တရားဝင် အတည်ပြုမယ်။

အမေရိကန် ပြည်ထောင်စု ဖီလာဒဲဖီးယား မြို့မှာ ဒီမိုကရက်တစ် ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံ စတင် ခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီ့ ညီလာခံ ကနေ ဟီလာရီ ကလင်တန်ကို ဒီမိုကရက်တစ် ပါတီကို ကိုယ်စားပြုတဲ့ သမ္မတ လောင်း အဖြစ် တရားဝင် အတည်ပြု ကြမှာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ် ပါတီရဲ့ သမ္မတ လောင်း ဖြစ်လာဖို့ ဟီလာရီ ကလင်တန် နဲ့ အပြိုင် ကြိုးစား ခဲ့တဲ့ ဘာနီ ဆန်ဒါစ် က အခု ကျင်းပမယ့် ညီလာခံ မတိုင်ခင် မှာပဲ သူ့ကို အားပေး ကြသူ တွေကို မစ္စစ် ကလင်တန် အပေါ် ထောက်ခံမှု ပြုကြဖို့ တိုက်တွန်း ခဲ့ပါတယ်။

ဒီမိုကရက်တစ် ပါတီရဲ့ အဓိက အရေးပါသူ တွေဟာ မစ္စတာ ဆန်ဒါစ် သမ္မတလောင်း ဖြစ်မလာဖို့ ပြုလုပ် ခဲ့ကြောင်း ဖော်ပြ နေတဲ့ အီးမေးလ် တွေ ပေါက်ကြား မှု ဖြစ်ပေါ် ခဲ့လို့ ပြီးခဲ့တဲ့ တနင်္ဂနွေ ဇူလိုင်လ ၂၄ ရက် နေ့တုန်းက တော့ ဒီမိုကရက်တစ် ပါတီရဲ့ အမျိုးသမီး ဥက္ကဌ ဒက်ဘီ ဗာဆာမင် ရှူလ်စ် ရာထူးက နှုတ်ထွက် သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ