တရုတ်မှာ တိဘက်ဗုဒ္ဓဘာသာစင်တာ ဖျက်ခံရ

  • 26 ဇူလိုင် 2016
Tibetan Buddhist Centre ဓာတ်ပုံ မူပိုင် free tibet
Image caption အာဏာပိုင်တွေက ပြန်ပြုပြင်နေတာလို့ဆို

တရုတ်နိုင်ငံ တောင်ပိုင်း ဆီချွမ်ပြည်နယ်မှာရှိတဲ့ တိဘက်ဗုဒ္ဓဘာသာကျောင်းက အဆောက်အဦ တချို့ကို တရုတ်အာဏာပိုင်တွေက ဖြိုချနေပါတယ်။

ဆီချွမ်ပြည်နယ် ဆာသာမြို့က တိဘက်ဗုဒ္ဓဘာသာ စင်တာဟာ ကမ္ဘာပေါ်က အကြီးဆုံး တိဘက်ဗုဒ္ဓဘာသာ လေ့လာသင်ကြားရေး ဌာနကြီး တစ်ခုဖြစ်ပါတယ်။

အဲဒီက လာတဲ့ ဓာတ်ပုံတွေထဲမှာ အဆောက်အဦ တော်တော်များများ ဖျက်ဆီးခံထားရပြီး ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေနဲ့ ကျောင်းသားတွေနေတဲ့ တောင်စောင်းက နေအိမ်တွေလည်း ဖျက်ဆီးခံ ထားရတာ တွေ့ရပါတယ်။ အဆောက်အဦတချို့ကတော့ ဒီအတိုင်း ရှိနေပါသေးတယ်။

တက်ကြွလှုပ်ရှားသူတွေက ဒါဟာ တရုတ်က ဘာသာရေးကို ထိန်းချုပ်ကန့်သတ်ဖို့ လုပ်တာလို့ ဆိုပါတယ်။

တရုတ်နိုင်ငံပိုင် မီဒီယာတွေကတော့ အဆောက်အဦတွေ ထဲမှာ လူတွေ အများကြီးပြွတ်သိပ်နေထိုင်နေလို့ မီးဘေးစိုးရိမ်ရတဲ့အတွက် ပြန်လည်ပြင်ဆင်ဖို့ လုပ်တာလို့ ဆိုကြပါတယ်။