၁၆ နှစ်ကြာ အစာငတ်ခံနေမှုကို ရပ်

  • 26 ဇူလိုင် 2016
Irom Sharmila ဓာတ်ပုံ မူပိုင် PTI
Image caption အစာငတ်ခံနေတာ ၁၆ နှစ်ရှိနေပါပြီ။

အိန္ဒိယရဲ့ အထင်ရှားဆုံးနိုင်ငံရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ အီရွမ် ရှာမီလာ က သူ့ရဲ့ ၁၆ နှစ်ကြာ အစာငတ်ခံ ဆန္ဒပြမှုကို အဆုံးသတ်ပြီး နိုင်ငံရေးထဲ ဝင်ရောက်တော့မယ်လို့ ပြောလိုက်ပါတယ်။

ရှာမီလာဟာ သူ့နေရပ် မဏိပူရ်ပြည်နယ်မှာ လုံခြုံရေးတွေက သတ်လို့ အရပ်သား ဆယ်ဦးအသက်ဆုံးခဲ့တယ်ဆိုပြီး ၂၀၀၀ ကတည်းက အစာငတ်ခံနေခဲ့တာပါ။

မဏိပူရ်နဲ့ တခြား အရှေ့မြောက်ဒေသက ပြည်နယ်တွေမှာ ပြဌာန်းထားတဲ့ လုံခြုံရေးဥပဒေကို ပြန် ရုပ်သိမ်းပေးဖို့တောင်းဆိုနေခဲ့ပါတယ်။

သူ့ကို အာဏာပိုင်တွေက ၁၄ နှစ်ကြာ နေအိမ်အကျယ်ချုပ်ချထားပြီး နှာခေါင်းက အစာတွေ အတင်းသွင်းပေးခဲ့ပါတယ်။

ခုတော့ ရှာမီလာက အိမ်ထောင်ပြုပြီး လာမယ့် ရွေးကောက်ပွဲတွေမှာ ၀င်ပြိုင်မယ်လို့ ပြောခဲ့ပါတယ်။