အမေရိကန် သမ္မတလောင်း နှစ်ဦးကြား အပြန်အလှန် ဝေဖန်မှုတွေ အရှိန်မြင့်

  • 27 ဇူလိုင် 2016
_clinton_trump ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စစ် ကလင်တန်ရဲ့ အီးမေးလ်ကို ရုရှားက ထွင်းဖောက်ပြီး အရေးကြီး စာရွက်စာတမ်းတွေ ရသွား စေချင်လိုက်တာ ဆိုပြီး မစ္စတာ ထရမ့်က ပြောခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုမှာ ဒီမိုကရက်တစ် ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန် နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန်ယူ ခဲ့စဉ်တုန်းက ကိုယ်ပိုင် အီးမေးလ် အကောင့်ကနေ အစိုးရ ရုံးကိစ္စတွေ အတွက် စာပေး စာယူ တွေ လုပ်ခဲ့တဲ့ အပေါ် ရီပတ်ဘလစ်ကင် သမ္မတလောင်း ဒေါ်နယ်ထရမ့် ရဲ့ ပြောဆို ဝေဖန်မှု ဟာ နောက်ဆက်တွဲ တုံ့ပြန်မှု တွေ ဆူဆူညံညံ ထွက် လာ စေခဲ့ပါတယ်။

မစ္စစ် ကလင်တန်ရဲ့ အီးမေးလ်ကို ရုရှားက ထွင်းဖောက်ပြီး အရေးကြီး စာရွက်စာတမ်းတွေ ရသွား စေချင်လိုက်တာ ဆိုပြီး မစ္စတာ ထရမ့်က ပြောခဲ့တာပါ။

ဒီ ပြောဆိုမှုဟာ အမေရိကန် သမိုင်းမှာ သမ္မတလောင်း တစ်ယောက်က သူ့ရဲ့ နိုင်ငံရေး ပြိုင်ဘက် တစ်ယောက် အပေါ် သူလျှိုလုပ် ထွင်းဖောက် ထောက်လှမ်း စေဖို့ နိုင်ငံခြား အင်အားကြီး နိုင်ငံ တစ်ခုကို ပထမဆုံး အကြိမ် အားပေးအားမြှောက် ပြုလုပ် လာတာ ဖြစ်တယ် ဆိုပြီး မစ္စစ် ကလင်တန် ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဂျိတ်ခ် ဆူလေဗန် က ဆိုပါတယ်။

မစ္စစ် ကလင်တန် ကိုယ်ပိုင်အီးမေးလ် အကောင့် သုံးစွဲခဲ့တဲ့ လုပ်ရပ်ဟာ နမော်မဲ့ နမာမဲ့ လုပ်ရပ် ဖြစ်ပေမယ့် ရာဇဝတ်မှု မမြောက်ဘူး ဆိုပြီး အမေရိကန် ထောက်လှမ်းရေး အဖွဲ့ FBI က ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ