တူရကီ အာဏာသိမ်း ကြိုးပမ်းမှုမှာ တပ်ဖွဲ့ဝင် ၉ ထောင်ခန့် ပါခဲ့

  • 27 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် GETTY IMAGES
Image caption အာဏာသိမ်းဖို့ ကြိုးပမ်းမှုမှာ ပါဝင်ခဲ့သူ တပ်သားတချို့ လက်နက်ချခဲ့စဉ်။

တူရကီ နိုင်ငံမှာ ဇူလိုင် ၁၅ ရက်နေ့က ပေါ်ပေါက် ခဲ့တဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှု အတွင်းမှာ တူရကီ စစ်တပ်ရဲ့ တပ်အင်အား ၁ ဒသမ ၅ ရာခိုင်နှုန်း၊ အရေအတွက် အားဖြင့် တပ်ဖွဲ့ဝင် ၈၆၅၁ ဦး ပါဝင်ခဲ့တယ်လို့ တူရကီ အစိုးရက ပြောပါတယ်။

လေယာဉ် ၃၅ စီး၊ ရဟတ်ယာဉ် ၃၇ စီးနဲ့ တင့်ကား ၇၄ စီး ပါဝင်ခဲ့တယ် လို့လည်း တူရကီ စစ်တပ် အရာရှိတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ နောက်ထပ် ဂျာနယ်လစ် ၄၇ ယောက်ကို ဖမ်းဆီးဖို့ တူရကီ အစိုးရက ဝရမ်း ထုတ်ပြန် လိုက်ပါတယ်။

အဲဒီ ဂျာနယ်လစ်တွေဟာ အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို ကြိုးကိုင်ခဲ့သူလို့ သံသယရှိတဲ့ အမေရိကန်ရောက် တူရကီ ဘာသာရေး ခေါင်းဆောင် Fethullah Gulen နဲ့ ဆက်စပ်တဲ့ သတင်းစာ တစ်စောင်မှာ လုပ်ကိုင် ခဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုချိန်အထိ နယ်ပယ် အသီးသီးက ဖမ်းဆီး ခံရသူပေါင်း တစ်သောင်း ခြောက်ထောင်လောက် ရှိသွားပြီ ဖြစ်ပါတယ်။

အာဏာသိမ်းဖို့ ကြိုးပမ်းမှု အတွင်း သေဆုံးသူ အနည်းဆုံး ၂၄၆ ဦး ရှိခဲ့ပြီး လူ ၂ ထောင်ကျော် ဒဏ်ရာ ရခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ