မြောက်ကိုရီးယား တစ်ဦး ဟောင်ကောင်မှာ ခိုလှုံ

  • 28 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် EPA
Image caption တောင်ကိုရီးယား ကောင်စစ်ဝန်ရုံး အဆောက်အဦ တည်ရှိရာ ပတ်ဝန်းကျင် ကို ရဲတပ်ဖွဲ့ က လုံခြံရေး အစောင့်အရှောက် ပိုမိုချထား

ဟောင်ကောင်မှာ ရှိတဲ့ တောင်ကိုရီးယား ကောင်စစ်ဝန်ရုံးမှာ မြောက်ကိုရီးယား နိုင်ငံ သား တစ်ဦး လာရောက်ပြီး ခိုလှုံခွင့် တောင်းခံခဲ့တယ်လို့ သိရပါတယ်။

လောလောဆယ်မှာ ခိုလှုံခွင့် တောင်းခံရတဲ့ အသေးစိတ် အကြောင်းရင်း ကို မသိရသေးပေမယ့် သူဟာ တက္ကသိုလ် ပြိုင်ပွဲ တစ်ခု ကို ယှဉ်ပြိုင်ဖို့ လွန်ခဲ့တဲ့ နှစ်ပတ် ခန့်က ဟောင်ကောင် ကို ရောက်နေသူ ဖြစ်ပါတယ်။

ဟောင်ကောင်က တောင်ကိုရီးယား ကောင်စစ်ဝန်ရုံး အဆောက်အဦ တည်ရှိရာ ပတ်ဝန်းကျင် ကို ရဲတပ်ဖွဲ့ က လုံခြံရေး အစောင့်အရှောက် ပိုမိုချထားရတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား နိုင်ငံသား တစ်ဦး ခိုလှုံခွင့် တောင်းခံ ခဲ့တာနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံ ဘက်ကိုလည်း အသိပေး ထားပါတယ်။

တရုတ် နိုင်ငံ အနေနဲ့ အခု ကိစ္စ ကို သိရှိထားပေမယ့် လတ်တလောမှာ ဘာမှတ်ချက်မှ မပေးလိုဘူးလို့ ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့် ရှိသူက ဘီဘီစီ ကို ပြောပါတယ်။

ဟောင်ကောင် ဥပဒေ အရ သံတမန် အရေး ကိစ္စတွေမှာ တရုတ် ပြည်မကြီး ဘက်က ဆုံးဖြတ် ဆောင်ရွက်တာ ဖြစ်ပါတယ်။

ပုံမှန် အားဖြင့်တော့ မြောက်ကိုရီးယား နိုင်ငံသားတွေ တရားမဝင် ဝင်ရောက်လာရင် တရုတ် က မြောက်ကိုရီးယား ပြန်ပို့လေ့ ရှိပါတယ်။

တောင် နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံ စစ်ပွဲ ပြီးကတည်း က မြောက်ကိုရီးယား နိုင်ငံ ဘက်က ခိုလှုံ ဝင်ရောက် လာသူ စုစုပေါင်း နှစ်သောင်းကျော် ရှိတယ်လို့ တောင်ကိုရီးယား ပေါင်းစည်းညီညွှတ်ရေး ဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ