ကလင်တန် အောင်မြင်မှုရအောင် အိုဘားမား စွမ်းဆောင်မယ်

  • 28 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အစ္စလာမ်မစ် အစွန်းရောက်တွေကို ဟီလာရီ ကလင်တန် ကသာ ချေမှုန်း နိုင်မှာ ဖြစ်တယ်လို့ ဆို

ဖီလာဒဲလ်ဖီးယား မှာ ကျင်းပ နေတဲ့ အမေရိကန် ဒီမိုကရက်တစ် ပါတီ ညီလာခံ မှာ သမ္မတလောင်း ဟီလာရီ ကလင်တန် ကို လက်ရှိ သမ္မတ အိုဘားမား က ထောက်ခံ စကား ပြောခဲ့ပါတယ်။

ဟီလာရီ ကလင်တန် ဟာ အမေရိကန် နိုင်ငံရဲ့ သမ္မတ ဖြစ်ထိုက်သူ အမျိုးသမီး တစ်ဦး ဖြစ်တယ်လို့ သမ္မတ အိုဘားမား က ပြောပါတယ်။

ဟီလာရီ ကလင်တန်ဟာ ရီပက်ဘလီကန် က ဒေါ်နယ် ထရမ့် ထက် ပိုမို စိတ်ဓါတ်ခိုင်မာ ကာ တိုင်းပြည်အပေါ်မှာ စေတနာ ရှိပြီး သူ့ရဲ့ အတွေ့ အကြုံ ကောင်းတွေက အမေရိကန်ကို ဦးဆောင်ဖို့ လုံလောက် တဲ့ အကြောင်းတရားတွေ ဖြစ်တယ်လို့ သမ္မတ အိုဘားမား က ပြောပါတယ်။

အမေရိကန် နိုင်ငံထဲ မွတ်စလင် တွေ ဝင်ရောက်တာကို ပိတ်ပင် စရာ မလိုပဲ အစ္စလာမ်မစ် အစွန်းရောက်တွေကို ဟီလာရီ ကလင်တန် ကသာ ချေမှုန်း နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂျီဟတ်တွေ ဒါမှမဟုတ် ပြည်တွင်းမှာ နေထိုင်ပြီး အကြမ်းဖက်ဖို့ စိတ်ကူး ရှိသူတွေ၊ အမေရိကန် ရဲ့ စံတန်ဖိုး တွေကို ဖျက်ဆီး သူမှန် သမျှ ကျဆုံး ရမယ်လို့လည်း သမ္မတ အိုဘားမား က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ