ဗင်နီဇွဲလား တိရစ္ဆာန်ရုံ အစာပြတ်လို့ အများအပြားသေဆုံး

  • 28 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် REUTERS
Image caption ကျား နဲ့ ခြင်္သေ့ တွေကို ကျွေးမွေးနေကြ အသား နေရာမှာ သရက်သီး နဲ့ ရွှေဖရုံသီး ကို အစားထိုး ကျွေးနေရ

ဗင်နီဇွဲလား တိရစ္ဆာန် ရုံတွေမှာ ပြသထားတဲ့ တိရစ္ဆာန်တွေဟာ အစာရေစာ ပြတ်လပ်မှုကြောင့် ခြောက်လ အတွင်း အကောင်ရေ ၅၀ ကျော် သေဆုံး သွားပါတယ်။

အဲဒီအထဲက တိရစ္ဆာန် အတော်များများ ဟာ ၂ ပတ်ကျော်ကြာ အစာ မစားရဘဲ သေဆုံး ကုန်ကြတာ ဖြစ်ပါတယ်။

ကရာကတ်စ် မြို့က တိရစ္ဆာန် ရုံမှာ ဆိုရင် ကျား နဲ့ ခြင်္သေ့ တွေကို ကျွေးမွေးနေကြ အသား နေရာမှာ သရက်သီး နဲ့ ရွှေဖရုံသီး ကို အစားထိုး ကျွေးနေရတယ်လို့ ဆိုပါတယ်။

အစာရေစာ ပြတ်လပ်လို့ တိရစ္ဆာန်တွေ သေဆုံး ရတာ မဟုတ်ဘူးလို့ အစိုးရ တာဝန် ရှိသူတွေ က ငြင်းဆို ထားပါတယ်။

အခြား မြို့တွေက တိရစ္ဆာန်ရုံ တွေမှာလည်း ပြသထားတဲ့ အကောင်တွေ အတွက် အစာရေစာ မလုံလောက်မှုတွေ ဖြစ်ပေါ် နေလို့ လာရောက် လှူဒါန်းပေးဖို့ နိုးဆော် မှုတွေ ပြုလုပ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ