ဘရာဇီး သမ္မတဟောင်း တရားစွဲခံရ

  • 30 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် Ag. Brasil
Image caption သမ္မတဟောင်း နဲ့ အတူ အခြား လူ ခြောက်ဦး ကိုလည်း တရားစွဲ ဆို ထား

ဘရားဇီး နိုင်ငံက တရားစီရင်ရေး ကို ဝင်ရောက် စွက်ဖက် နှောင့်ယှက်မှု နဲ့ သမ္မတဟောင်း လူလာ ဒါ ဆေးလ်ဗား ဟာ တရားရင်ဆိုင် ရတော့မှာ ဖြစ်ပါတယ်။

ပြည်ထောင်စု တရားရုံးက ထုတ်ပြန်တဲ့ မှတ်တမ်း မှတ်ရာတွေထဲမှာ သမ္မတဟောင်း နဲ့ အတူ အခြား လူ ခြောက်ဦး ကိုလည်း တရားစွဲ ဆို ထားတာ တွေ့ရပါတယ်။

လာဘ်ပေး လာဘ်ယူမှု အရှုပ်တော် ပုံတွေနဲ့ သမ္မတဟောင်း လူလာ ဒါဆေးလ်ဗား ပိုင်ဆိုင်တဲ့ ကားရေးဆေး အလုပ်ရုံကိုလည်း အစိုးရ တာဝန် ရှိသူတွေက စုံစမ်း စစ်ဆေး မှုတွေ လုပ်နေပါတယ်။

လူလာ ဒါဆေးလ်ဗား ကတော့ အခုလို တရားစွဲဆိုမှုတွေက ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်ချင်လို့ ရည်ရွယ်ချက် ရှိရှိ လုပ်နေဆောင် နေတာလို့ ပြောကြား ခဲ့ပြီး စွပ်စွဲမှုတွေ အားလုံး ကို ငြင်း ဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ