ပုဂ္ဂိုလ်ရေးစော်ကားသူတွေကို လွှတ်မယ်လို့ တူရကီသမ္မတ ဆို

  • 30 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင်
Image caption စော်ကား ပြောဆိုမှုတွေနဲ့ တရားစွဲဆို ထားတဲ့ အမှုပေါင်း က နှစ် ထောင် နီးပါး ရှိ

တူရကီ သမ္မတ ကို ပုဂ္ဂိုလ်ရေး အရ စော်ကား ပြောဆို ခဲ့ကြသူတွေ ရဲ့ အမှုတွေကို ရုပ်သိမ်း ပေးမယ်လို့ သမ္မတ ရီကျက် တိုင်ရစ် အာဒိုဝန် က ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ် အတွင်းမှာ သမ္မတ ကို စော်ကား ပြောဆိုမှုတွေနဲ့ တရားစွဲဆို ထားတဲ့ အမှုပေါင်း က နှစ် ထောင် နီးပါး ရှိပါတယ်။

ဆက်လက်ပြီး သမ္မတ က မအောင်မမြင် ဖြစ်ခဲ့ရတဲ့ တူရကီ အာဏာသိမ်းမှု အတွင်းမှာ သေဆုံး ခဲ့ရသူ ၂၀၀ ကျော် ရှိတယ်လို့ အန်ကာရာမြို့မှာ လုပ်တဲ့ အခမ်းအနား တစ်ခု မှာ ပြောပါတယ်။

အမေရိကန် နဲ့ ဥရောပ သမဂ္ဂ က အစိုးရ တွေဟာ၊ တူရကီ ဒီမိုကရေစီ ဆက်လက် ရှင်သန်ရေးထက် အာဏာသိမ်းသူတွေရဲ့ အရေးကို ပိုဦးစား ပေးနေတယ်လို့သမ္မတ က ဝေဖန် ခဲ့ ပြီး ဒါဟာ တူရကီ နဲ့ မိတ်ဖက် နိုင်ငံတွေရဲ့ လုပ်ရပ်မဟုတ်ဘူး လို့လည်း ဒေါသတကြီး ပြောကြားပါတယ်။

အစောပိုင်း အချိန်က အာဏာသိမ်းမှု အတွင်း တူရကီမှာ အခြေစိုက်တဲ့ အမေရိကန် စစ်တပ်က ဗိုလ်ချုပ်ကြီးလည်း ပါဝင် ပတ်သတ် နေတယ်လို့ မစ္စတာ အာဒိုဝန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

သမ္မတာ အာဒိုဝန် ရဲ့ စွပ်စွဲမှုတွေက အခြေအမြစ် မရှိတဲ့ အကြောင်း အမေရိကန် စစ်တပ်က ဗိုလ်ချုပ်ကြီး ဗိုတဲလ် ကငြင်းဆို ပါတယ်။

တူရကီ ဝန်ကြီးချုပ်က အာဏာသိမ်းဖို့ ကြိုးပမ်း ကြသူတွေ အသုံးပြုတဲ့ လေတပ် အခြေစိုက် စခန်းတွေကို ပိတ်သိမ်း မယ်လို့ ပြောကြားထားတာ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ