အိန္ဒိယ ဇာတ်နိမ့်စုံတွဲ အကြွေး ၂၂ ဆင့်ကြောင့် ခုတ်သတ်ခံရ

  • 29 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင်
Image caption ဒါလစ် မျိုးနွယ်ဝင်တွေ ပိတ်ဆို့ ဆန္ဒပြ။

အိန္ဒိယ နိုင်ငံ၊ အူတာ ပရာဒက်ရှ် ပြည်နယ်မှာ ဒါလစ် ခေါ် ဇာတ်နိမ့် မျိုးနွယ်ထဲက အမျိုးသား တစ်ယောက်ဟာ အကြွေး ၁၅ ရူပီး (၀.၂၂ ဒေါ်လာ) မပေးနိုင်တဲ့ အတွက် ခေါင်းဖြတ် အသတ်ခံရပြီး၊ သူ့ဇနီးသည် ဟာလည်း ပုဆိန်နဲ့ ခုတ်သတ် ခံခဲ့ရပါတယ်။

အဲဒီ လင်မယား အကြွေးနဲ့ ဝယ်ထားတဲ့ ဘီစကစ်ဖိုး အတွက် ဇာတ်မြင့် မျိုးနွယ်ဝင် ဖြစ်တဲ့ ကုန်စုံဆိုင် ပိုင်ရှင်က ကြာသပတေးနေ့က ပြန်တောင်းစဉ် ချက်ချင်း ပြန်မပေးနိုင်ဘဲ အချိန်စောင့်ပေးဖို့ ပြောတဲ့အတွက် အဲဒီ ဆိုင်ရှင်က အဲဒီလို သတ်ဖြတ် ခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယ ရဲက ပြောပါတယ်။

အဲဒီ ကုန်စုံဆိုင် ပိုင်ရှင်ကို ရဲက ဖမ်းဆီး ခဲ့ပါတယ်။

အူတာပရာဒက်ရှ် ပြည်နယ်က မိန်းပူရီ ခရိုင်မှာ အခုလို ဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပြီး၊ ကြာသပတေးနေ့ မနက် အစောပိုင်းက အဲဒီ လင်မယား အလုပ်သွားစဉ် ဆိုင်ရှင် ဖြစ်သူက အကြွေးတောင်းရာမှာ ညနေပိုင်းအထိ စောင့်ပေးဖို့ ပြောတဲ့ အတွက် အဲဒီ ဆိုင်ရှင်က လက်မခံဘဲ ပုဆိန်နဲ့ ခုတ်သတ် ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါလစ် မျိုးနွယ်ဟာ အိန္ဒိယမှာ ဇာတ်အနိမ့်ဆုံး မျိုးနွယ် ဖြစ်ပါတယ်။

ဒီအမှုကြောင့် အခင်းဖြစ်ရာ ရွာထဲက ဒါလစ် မျိုးနွယ်ဝင် တွေက လမ်းတွေကို ပိတ်ဆို့ ဆန္ဒပြ နေကြတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ