အမေရိကန်မှာ ပထမဆုံး ခြင်ကနေ ဇီကာ ကူးစက်

  • 30 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဖလော်ရီဒါမှာ ဒေသတွင်း က ခြင်မှာ ဇီကာ ဗိုင်းရပ်စ် သယ်ဆောင် ထား တာ ကို ပထမဦးဆုံး တွေ့ ရှိ

အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် မှာ လူ ၄ ဦးဟာ ခြင်ကိုက် ခံရပြီးနောက် ဇီကာ ဗိုင်းရပ်စ် ကူးစက် နေတာ ကို တွေ့ ရှိရကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး က အတည်ပြု ပြောကြား ပါတယ်။ ဒါပေမယ့် လတ်တလော အခြေအနေမှာ ရောဂါ ကူးစက် ခံထားရတဲ့ လူ ၄ ဦး ကို ဆေးရုံ ကို အရေးပေါ် တင်ပို့ ကုသ ဖို့ မလိုအပ်ဘူး လို့လည်း ပြောပါတယ်။

ဇီကာ ရောဂါ ပိုးကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေ ကလေး မွေးဖွားလာတဲ့ အခါမှာ ဦးခေါင်းသေးငယ် တဲ့ ကလေးတွေကို မွေးဖွား ခဲ့ရပြီး ဦးနှောက် ချို့ယွင်းမှုတွေလည်း ရှိနေပါတယ်။

အမေရိကန် ဖလော်ရီဒါမှာ ဒေသတွင်း က ခြင်မှာ ဇီကာ ဗိုင်းရပ်စ် သယ်ဆောင် ထား တာ ကို ပထမဦးဆုံး တွေ့ ရှိရမှုလည်း ဖြစ်ပါတယ်။

အရင်က လက်တင်အမေရိက ဘက် က နိုင်ငံတွေ ကိုသွားတယ် အဲဒီ မှာ အေးဒီးစ် ခြင်ကိုက် လို့ ဇီကာပိုး ကူးစက်ခံရတာ တို့၊ တခါ ဇီကာ ဗိုင်းရပ်စ်ပိုး ဖြစ်သူနဲ့ လိင်ဆက်ဆံမိရာက နေ ကူးတာ တို့ က အရင် အမေရိကန် အတွင်းမှာ ဖြစ်ဖူးပါတယ်။

အခု တခါ ကတော့ က အဲဒီ သူတို့ဒေသတွင်း က အေးဒီစ် ခြင်ကိုက်လို့ ပဲ ဖြစ်တာဆိုတော့ဒါ ပထမဆုံး အမေရိကန် ပြည်တွင်းမှာ ဒီဗိုင်းရပ်စ ကို သယ်ဆောင်တဲ့ ခြင်တွေ ရှိနေပြီ။ အဲဒီ မှာ ဇီကာ ဗိုင်းရပ်စ ကြောင့်ဖြစ်နိုင်တဲ့ ပြသနာတွေ လာနေပြီဆိုတာပါ။

လူတွေအတွက် ဇီကာဗိုင်းရပ်စ် ဟာ သာမန်အဖျား လောက်သာ ရတတ်ပေမယ့် ကိုယ်ဝန်ဆောင်မိခင်ကူးစက်ခံရရင် သူ့၀မ်းတွင်းက ကလေး ကို ဦးနှောက်သေးစေတဲ့အထိ ဗိုင်းရပ်စ် က ထိခိုက်စေပါတယ်။ ဒီပြည်နယ် က ဇီကာဗိုင်းရပ်စ ရှိနေတဲ့ တခြားနိုင်ငံတွေ ကိုလည်း အသွားများ တဲ့ပြည်နယ် နောက်ပြီးတော့ အေးဒီးစ် ခြင်တွေ ကလည်း များတဲ့ ပြည်နယ် ဖြစ်တယ်။

ဖလော်ရီဒါ ပြည်နယ်အုပ်ချုပ်ရေးမှူး ရစ်ခ စကော့ က ဒါ ဖလော်ရီဒါ ပြဿနာ တင်မဟုတ်ဘူး အမေရိကန် ပြဿနာ လို့ ပြောနေပါတယ်။

သမ္မတ အိုဘားမား ကလည်း ဒီဗိုင်းရပ်စ် ကို ထိန်းနိုင်အောင် လိုအပ်တဲ့အရင်းအမြစ်တွေ သုံးပါလို့ ညွှန်ကြား ပါတယ်။

ဇီကာဗိုင်းရပ် နှိမ်နင်း ဖို့ ဘဏ္ဍာငွေ ဘတ်ဂျက်ကို ကွန်ကရက် လွှတ်တော် က အမတ် တွေ နွေရာသီ အားလပ်ရက် မယူကြခင် အတည်မပြုပေးခဲ့ဘူးလို့ လည်း အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် တယောက် ဖြစ်တဲ့ အဲရစ်ရှု က ဝေဖန်နေပါတယ်။

အခု ဇီကာဗိုင်းရပ်စ ကူးစက်ခံရသူတွေ က အမျိုးသား ၃ ယောက် အမျိုးသမီး ၁ ယောက် သာ ဖြစ်ပေမယ့်နောက် အချိန်နဲ့အမျှ ကူးစက်ခံရသူတွေ ထပ်ထပ်တိုးလာတော့မယ် ဆိုတာလည်း တွက်နေကြပါတယ်။

အဲဒီ ရောဂါ ကူးစက်ခံရရာနေရာဖြစ်တဲ့ မိုင်ယာမီ နဲ့ ဘရော့ဝဒ် ကောင်တီ တွေကလည်း လူဦးရေထူထပ်တဲ့ ဒေသတွေ ပါ။

အခုတော့ ရောဂါဖြစ်ရာ အိမ်တွေ နဲ့ ခြင်ပျံနိုင်တဲ့ မီတာ ၁၅၀ တဝိုက်လောက်ကို ကို ပညာရှင်တွေ ဆန်းစစ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ