ဗုဒ္ဓဘာသာကျောင်းတွေ မီးရှို့ခံရ

  • 30 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင်
Image caption ဂျာကာတာက ဗုဒ္ဓဘာသာ ဘုရားကျောင်းတခု

အင်ဒိုနီးရှား နိုင်ငံမှာ လူခုနှစ်ယောက်ကို ရဲက ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီး လူနည်းစု တရုတ်လူမျိုးတွေ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်း ခြောက် ကျောင်းကို မူဆလင် အဖွဲ့တဖွဲ့က မီးရှို့ခဲ့ ပြီးတဲ့နောက် အခုလို ဖမ်းဆီးတာ ဖြစ်ပါတယ်။

ဆူမတ်တြား ကျွန်းမှာ တရုတ် အမျိုးသမီး တယောက်က သူ့အိမ်နားက ဗလီက အသံ ဆူညံတယ်လို့ တိုင်တန်းခဲ့ပြီးတဲ့နောက် ဗုဒ္ဓဘာသာ၀င်နဲ့ ကွန်ဖြူးရှပ် ဘုရားကျောင်းတွေ ဖျက်ဆီးခံရတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ မူဆလင် အများစု နေထိုင်တာ ဖြစ်ပေမယ့် တခြား ဘာသာကိုးကွယ်သူ လူနည်းစု အများအပြား ရှိပြီး အခုလို တင်းမာမှုကနေ လူမျိုးရေး အဓိကရုန်း အထိ ဖြစ်ခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ