ဖလော်ရီဒါ က ခြင်ကိုက်လို့ ဇီကာ ဗိုင်းရပ်စ ကူးစက်

  • 30 ဇူလိုင် 2016
Zika ဓာတ်ပုံ မူပိုင်
Image caption ဇီကာဗိုင်းရပ်စ ဖြစ်စေတဲ့ ခြင်တွေ ဖလော်ရီဒါ ပြည်နယ် ကို ရောက်နေပြီ

အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် မှာ လူ ၄ ဦးဟာ ဒေသတွင်းက ခြင်ကိုက် ခံရပြီးနောက် ဇီကာ ဗိုင်းရပ်စ် ကူးစက် နေတာ ကို တွေ့ ရှိရကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး က အတည်ပြု ပြောကြား ပါတယ်။

ပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်ခ် စကော့က သူတို့ ပြည်နယ်က အမျိုးသမီး ၁ ဦး နဲ့ အမျိုးသား ၃ ဦးတို့မှာ ဇီကာ ဗိုင်းရပ်စ် ရှိနေတဲ့ လက္ခဏာ တွေ့ရတယ်၊ ဒါဟာ ဖလော်ရီဒါ ပြည်နယ်မှာ ခြင်ကိုက်ခံရလို့ ပထမဦးဆုံး ဇီကာ ဗိုင်းရပ်စ် ကူးစက် ခံထားရတာ ဖြစ်ပါတယ် လို့ ပြောကြား ခဲ့ပါတယ်။

ဒါပေမယ့် လတ်တလော အခြေအနေမှာ ရောဂါ ကူးစက် ခံထားရတဲ့ လူ ၄ ဦး ကို ဆေးရုံ ကို အရေးပေါ် တင်ပို့ ကုသ ဖို့ မလိုအပ်ဘူး လို့လည်း သူက ပြောပါတယ်။

ဇီကာ ရောဂါ ပိုးကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေ ကလေး မွေးဖွားလာတဲ့ အခါမှာ ဦးခေါင်းသေးငယ် တဲ့ ကလေးတွေကို မွေးဖွား ခဲ့ရပြီး ဦးနှောက် ချို့ယွင်းမှုတွေရှိတတ် ပါတယ်။

လက်တင် အမေရိက ဘက် က နိုင်ငံတွေ ကိုသွားတဲ့အခါ အဲဒီ မှာ အေးဒီးစ် ခြင်ကိုက် လို့ ဇီကာပိုး ကူးစက်ခံရတာ၊ ဇီကာ ဗိုင်းရပ်စ်ပိုး ဖြစ်သူနဲ့ လိင်ဆက်ဆံမိရာက နေ ကူးတာ စတာတွေ က အမေရိကန် နိုင်ငံ အရင် ဖြစ်ဖူး ပါတယ်။

အခု တခါ ကတော့ က အဲဒီ သူတို့ဒေသတွင်း က အေးဒီစ် ခြင်ကိုက်လို့ ပဲ ဖြစ်တာ ဆိုတော့ ဒါ ပထမဆုံး အမေရိကန် ပြည်တွင်းမှာ ဒီဗိုင်းရပ်စ ကို သယ်ဆောင်တဲ့ ခြင်တွေ ရှိနေပြီ။ အဲဒီ မှာ ဇီကာ ဗိုင်းရပ်စ ကြောင့် ဖြစ်နိုင်တဲ့ ပြသနာတွေ လာနေပြီ ဆိုတာကို ဖော်ပြနေတာပါ။