ဂျာမနီ ကိုလုံးမြို့မှာ တူရကီ အရေး ချီတက် လှည့်လည်

  • 31 ဇူလိုင် 2016
_cologne
Image caption တူရကီ သမ္မတ အာဒိုအန် ဗီဒီယို က တဆင့် မိန့်ခွန်း ပြောမယ့် အစီအစဉ် ကိုတော့ ဂျာမန် အာဏာပိုင်တွေ က ခွင့်မပြု။

တူရကီ နိုင်ငံမှာ ဖြစ်ခဲ့တဲ့ စစ်အာဏာ သိမ်းဖို့ ကြိုးစား ခဲ့မှု အပေါ် ကန့်ကွက် ရှုတ်ချတဲ့ ချီတက် လှည့်လည် ပွဲ တစ်ရပ် ဂျာမနီ နိုင်ငံ ကိုလုံး မြို့မှာ ပြုလုပ် ခဲ့တာမှာ လူတွေ သောင်းနဲ့ချီ ပါဝင် ခဲ့ကြပါတယ်။

ဒါပေမယ့် တူရကီ သမ္မတ ရာဂျစ် တိုင်ရိ(ပ်) အာဒိုအန်က ဗီဒီယို ကနေ တဆင့် မိန့်ခွန်း ပြောမယ့် အစီအစဉ် ကိုတော့ ဂျာမန် အာဏာပိုင်တွေ က ခွင့်မပြုဖို့ ဆုံးဖြတ် ခဲ့ပါတယ်။

ဒီလို ပိတ်ပင်တာဟာ ဒီမိုကရေစီ နည်း မကျတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ် ဆိုပြီး တူရကီ အစိုးရက ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။

တင်းမာ နေတဲ့ တူရကီ နိုင်ငံရေး အခြေအနေကို ပိုပြီး ထိခိုက် သွားစေနိုင်တဲ့ အတွက် ပိတ်ပင် ခဲ့ရတာ ဖြစ်တယ်လို့ ဂျာမန် အစိုးရက ပြောထားပါတယ်။

တူရကီ မှာ အခုလ အစောပိုင်းက စစ်အာဏာ သိမ်းဖို့ ကြိုးစား ခံခဲ့ရတဲ့ နောက် တူရကီ အာဏာပိုင် တွေက လူတွေ ဖမ်းဆီးတာ၊ အလုပ်ဖြုတ် တာတွေ ဆက်တိုက် ပြုလုပ် နေတာမှာ အခု ဆိုရင် အစိုးရ လက်နက်ကိုင် တပ်ဖွဲ့ဝင် ၁၄ဝဝ ကို တာဝန်က ရပ်စဲလိုက်ပြီ လို့ တူရကီ အစိုးရက ကြေညာ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ