အမုန်းမပွားဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

Image caption ပိုလန်ရောက် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်

ပိုလန်နိုင်ငံ ရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ ခရီးစဉ် နောက်ဆုံးနေ့မှာ လူငယ်တွေ အနေနဲ့ စိတ်ထားကောင်းကောင်း ထားကြပါလို့ သူက တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံ ပေါင်းစုံက ကိုယ်စားလှယ် နှစ်သန်း နီးပါး တက်ရောက်ခဲ့တဲ့ ဆုတောင်းပွဲမှာ ပုပ်ရဟန်း မင်းကြီးက လူတယောက်နဲ့ တယောက်ကြား အမုန်းတရားတွေ ရှောင်ရှားဖို့ မှာကြားခဲ့ပါတယ်။

လူတွေဟာ ကိုယ့်ကိုယ်ကို ရှေ့တန်းတင်ပြီး အတွေးအခေါ် ကျဉ်းမြောင်းမှုတွေ လက်ကိုင်မထားဘဲ ကန့်သတ် ပိတ်ပင် တားဆီးထားမှုတွေကို ချိုးဖျက်ကာ ရင်းနှီးစွာ အမုန်းတရားကင်းကင်းနဲ့ နေထိုင်ကြပါလို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

ဒီဆုတောင်းပွဲဟာ ပိုလန်နိုင်ငံ ခရက်ကော့ဗ် မြို့မှာ ကျင်းပနေတဲ့ ကတ်သလစ် ခရစ်ယာန် လူငယ် စုံညီ နှီးနှောဖလှယ်ပွဲရဲ့ အစီအစဉ်တွေထဲက တခု ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ