ကျဆုံး အမေရိကန် မွတ်ဆလင်မ် စစ်သားရဲ့ အမေ ထရမ့်ကို တုံ့ပြန်

  • 1 ဩဂုတ် 2016
ghazala_trump
Image caption မစ္စစ် ခန်း ဟာ ယောက်ျားက ခွင့်မပြုလို့ စကား ဝင် မပြောရတာ ထင်တယ် ဆိုပြီး ဒေါ်နယ်ထရမ့်က ပြောဆို ခဲ့။

အီရတ် နိုင်ငံမှာ ကျဆုံး ခဲ့တဲ့ အမေရိကန် မွတ်ဆလင်မ် စစ်သား ရဲ့ မိခင် ဖြစ်သူ ခါဇာလာ ခန်းက သူ့ အပေါ် လှောင်ပြောင် ပြက်ရယ် ခဲ့တဲ့ ရီပတ်ဘလစ်ကင် သမ္မတ လောင်း ဒေါ်နယ်ထရမ့် ကို ပြန်လည် တုံ့ပြန် ပြောဆို ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ အစ္စလာမ် အကြောင်း ဘာမှ သိသူ မဟုတ် သလို၊ စွန့်လွှတ် ပေးဆပ်ခြင်း ဆိုတဲ့ ဝေါဟာရ အပေါ် မှာလည်း သဘောပေါက် နားလည် ခြင်း မရှိဘူးလို့ မစ္စစ် ခန်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ကြာသာ ပတေး နေ့က ဒီမိုကရက်တစ် ပါတီ ညီလာခံ မှာ ခင်ပွန်း ဖြစ်သူက သားဖြစ်သူ အကြောင်း ပြောကြား နေတုန်း၊ နံဘေးမှာ တိတ်တဆိတ် ရပ် နေခဲ့တဲ့ မစ္စစ် ခန်း ဟာ ယောက်ျားက ခွင့်မပြုလို့ စကား ဝင် မပြောရတာ ထင်တယ် ဆိုပြီး ဒေါ်နယ်ထရမ့်က ပြောဆို ခဲ့ပါတယ်။

ခန်း ဇနီး မောင်နှံရဲ့ သားဖြစ်သူ အမေရိကန် စစ်တပ်က ဗိုလ်ကြီး ဟူမားယွန်း ခန်း ဟာ ၂ဝဝ၄ ခုနှစ်က အသက် ၂၇ နှစ် အရွယ်မှာ အီရတ် နိုင်ငံ အတွင်း ကာဗုံးခွဲ တိုက်ခိုက် ခံခဲ့ရလို့ သေဆုံး ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ