လစ်ဗျားမှာ IS ကို ပစ်မှတ်ထားပြီး အမေရိကန်က လေကြောင်းတိုက်ခိုက်

  • 1 ဩဂုတ် 2016
_sirte_
Image caption IS နဲ့ မြေပြင်စစ် ဆင်နွှဲ နေတဲ့ ကုလသမဂ္ဂ ကျောထောက် နောက်ခံပြု လစ်ဗျား ညွန့်ပေါင်း အစိုးရတပ်။

လစ်ဗျား နိုင်ငံ ဆီးယာ့ထ် မြို့ မှာ ရှိတဲ့ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင် တွေကို ပစ်မှတ် ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ် လို့ အမေရိကန် က ပြောပါတယ်။

လစ်ဗျား နိုင်ငံ ညွန့်ပေါင်း အစိုးရရဲ့ တောင်းဆိုချက် အရ ပစ်မှတ် နေရာတွေကို အတိတကျ သတ်မှတ်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပဲန်တဂန်က ဆိုပါတယ်။

အဲဒီ့ လေကြောင်း တိုက်ခိုက်မှု တွေ ကြောင့် IS အဖွဲ့ အကြီးအကျယ် အထိနာ သွားတယ် ဆိုပြီး လစ်ဗျား ဝန်ကြီးချုပ် ဖာယတ်ဇ် အယ်လ်-ဆာရာ့ဂျ် က ရုပ်မြင်သံကြား ကနေ ပြောခဲ့ ပါတယ်။

လစ်ဗျား နိုင်ငံထဲ IS အဖွဲ့တွေ အတွက် လုံလုံခြုံခြုံ ခိုအောင်း နိုင်တဲ့ နေရာမျိုး ရရှိ မလာစေဖို့ ဆီးယာ့ထ် မြို့ ပစ်မှတ် တွေကို ဆက်လက် တိုက်ခိုက် သွားမယ် ဆိုပြီး အမေရိကန်က ဆိုပါတယ်။

လစ်ဗျား ကမ်းရိုးတန်းမြို့ တစ်ခုဖြစ်တဲ့ ဆီးယာထ် ဟာ ပြီးခဲ့တဲ့ နှစ်က စလို့ IS တွေ လက်ထဲ ကျရောက် နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ