MH370 ပင်လယ်ထဲကို တမင် ဆင်းခဲ့ပုံရလို့ ကျွမ်းကျင်သူပြော

  • 1 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption သေသေချာချာ ထိန်းချုပ် ထိုးဆင်း ခဲ့တာတွေကို တွေ့ရ

မလေးရှား လေကြောင်းပိုင် MH 370 ခရီးသည်တင် လေယာဉ်ဟာ တမင် သက်သက် ပင်လယ်ထဲကို ထိုးချ ခဲ့တာလို့ ယုံကြည်ကြောင်း စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတဲ့ သူ တစ်ဦး က ပြောပါတယ်။

လေယာဉ် အမြီးပိုင်း တိုက်စားမှုတွေကို ဆန်းစစ်ရင် သေသေချာချာ ထိန်းချုပ် ထိုးဆင်း ခဲ့တာတွေကို တွေ့ရတယ်လို့ လယ်ရီ ဗန့်စ် က ဩစတြေးလျ သတင်းဌာန တစ်ခု ကို ပြောပါတယ်။

၂၀၁၄ ခုနှစ်မှာ ဘိုးအင်း ၇၇၇ လေယာဉ်ဟာ မလေးရှား နိုင်ငံ ကွာလာလမ်ပူ ကနေ တရုတ် နိုင်ငံ ဘေဂျင်း မြို့ကို ပျံသန်းစဉ်မှာ ပျောက်ဆုံး သွားခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဗန့်စ် ဟာ လေယာဉ် ပျက်ကျမှုပေါင်း ၂၀၀ ကျော် ကို ဦးဆောင် စစ်ဆေး ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ