ကဘူးလ် မြို့ကို တာလီဘန်တွေ ဝင်ရောက် တိုက်ခိုက်

  • 1 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ရပ်ကွက် တံခါး ကို ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်ကား နဲ့ ဝင်တိုက်

အာဖဂန်နစ္စတန် နိုင်ငံ ကဘူးလ်မြို့က နိုင်ငံခြားသား တွေ နေထိုင်တဲ့ နေရာကို တာလီဘန်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

ဩဂုတ်လ ၁ ရက်နေ့ တနင်္လာနေ့ မနက်ပိုင်း က ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံခြားသား တွေ နေထိုင်ရာ ရပ်ကွက် တံခါး ကို ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်ကား နဲ့ ဝင်တိုက် ခဲ့ပြီး တာလီဘန် သေနတ် သမား နှစ်ယောက် ဝင်ရောက် ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ ရဲ က ပြောပါတယ်။

တာလီဘန် တိုက်ခိုက်မှု အတွင်း ရဲတပ်ဖွဲ့ဝင် တစ်ဦး နဲ့ တာလီဘန် တစ်ဦး သေဆုံး ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ခိုက်မှုတွေ ပြီးဆုံး သွားခဲ့ပြီးနောက် မှာ ရဲ သုံးယောက် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ