ဘိုကိုဟာရမ် ခေါင်းဆောင်သစ် IS အဖွဲ့ ထုတ်ပြန်

  • 3 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် BOKO HARAM VIDEO
Image caption ၂၀၁၅ ဇန်နဝါရီမှာ ထုတ်ပြန်တဲ့ ဘိုကိုဟာရမ်ရဲ့ ဗီဒီယိုထဲမှာ Abu Musab al-Barnawi က အဖွဲ့ရဲ့ ပြောခွင့်ရသူ ဖြစ်တယ်လို့ ဖော်ပြဖူးခဲ့။

အစ္စလာမ္မစ် နိုင်ငံ IS အဖွဲ့ရဲ့ အနောက် အာဖရိက အဖွဲ့ခွဲ ဖြစ်တဲ့ ဘိုကိုဟာရမ် အဖွဲ့မှာ ခေါင်းဆောင်သစ် တင်လိုက်ပြီလို့ IS အဖွဲ့က ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

ခေါင်းဆောင်သစ် ဖြစ်လာတဲ့ Abu Musab al-Barnawi ဆိုသူဟာ အရင်က ဘိုကိုဟာရမ် အဖွဲ့ရဲ့ ပြောခွင့်ရသူ ဖြစ်ခဲ့ပြီး သူ့အကြောင်းကို IS အဖွဲ့ရဲ့ နောက်ဆုံးထုတ် မဂ္ဂဇင်းထဲမှာ ဖော်ပြ ထားပါတယ်။

ဘိုကိုဟာရမ်ရဲ့ ခေါင်းဆောင်ဟောင်း ဖြစ်သူ Abubakar Shekau ဘယ်လို ဇာတ်သိမ်းသွားတယ် ဆိုတာကိုတော့ မသိရပါဘူး။

ခေါင်းဆောင်ဟောင်း အဘူဘေကာက အသက်ရှင် နေသေးတယ် ဆိုတာကို နောက်ဆုံး သိခဲ့ရတာက မနှစ်က သြဂုတ် လထဲမှာ ဖြစ်ပါတယ်။

ဘိုကိုဟာရမ် အဖွဲ့ဟာ ၂၀၀၉ ခုနှစ်မှာ နိုင်ဂျီးရီးယား မြောက်ပိုင်းကနေ စတင် ထကြွ လှုပ်ရှားခဲ့တာ ဖြစ်ပြီး သူတို့ သိမ်းပိုက် နိုင်ခဲ့တဲ့ နယ်မြေအများစုကို အခု နောက်ပိုင်း လက်လွှတ် လာခဲ့ရပါတယ်။

ဘိုကိုဟာရမ် အဖွဲ့ လှုပ်ရှားခဲ့တဲ့ ၇ နှစ် ကာလ အတွင်းမှာ လူပေါင်း ၂ သောင်းလောက် သေကြေ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ