ဌာနေ အမျိုးသမီးတွေ ပစ်မှတ်ထား ကျူးလွန် ခံနေရမှုကို ကနေဒါ အစိုးရ စုံစမ်း

  • 3 ဩဂုတ် 2016
canada_indigenous
Image caption ကနေဒါမှာ ဌာနေ မျိုးနွယ်စုဝင် အမျိုးသမီးတွေ ပစ်မှတ်ထား ကျူးလွန် ခံနေရတာကို နိုင်ငံတကာက ဝေဖန် နေ။

ကနေဒါ နိုင်ငံမှာ ဌာနေလူမျိုးစု အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ အသတ်ခံနေရတာနဲ့ ပျောက်ဆုံးနေတဲ့ အမှုတွေ တိုးတက် များပြားလာနေတဲ့ အပေါ် ကနေဒါ အစိုးရရဲ့ တရားဝင် စုံစမ်း စစ်ဆေးမှု စတင် လာပြီ ဖြစ်ပါတယ်။

ကနေဒါမှာ အခုလို ဌာနေ မျိုးနွယ်စုဝင် အမျိုးသမီးတွေ ပစ်မှတ်ထား ကျူးလွန် ခံနေရတာကို နိုင်ငံတကာကလည်း ဝေဖန် နေပါတယ်။

လူမျိုးရေး ခွဲခြားမှု ဝါဒ၊ အမျိုးသမီးတွေ ကို နှိမ့်ချတဲ့ လိင် ခွဲခြားရေး ဝါဒ စတာတွေ အပါအဝင် ကိုလိုနီ ဝါဒရဲ့ နောက်ဆက်တွဲ ရိုက်ခတ် ခံရမှု တွေလို ပြဿနာရဲ့ အရင်းအမြစ် ဖြစ်နိုင် သမျှ အားလုံး အပေါ် ဆန်းစစ် သွားမယ်လို့ ဌာနေ မျိုးနွယ်စု ရေးရာ ဝန်ကြီး ကရိုလင်း ဘဲန်နက်က ပြောပါတယ်။

၁၉၈ဝ နဲ့ ၂၀၁၂ အကြား ဌာနေ မျိုးနွယ်စုဝင် အမျိုးသမီးနဲ့ မိန်းကလေး တွေကို သတ်ဖြတ်မှု တွေ မှတ်တမ်းတင် ထားနိုင်သမျှ တစ်ထောင်ကျော် တယ်လို့ ကနေဒါ ရဲ အဖွဲ့က ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ