လမ်းပေါ် ခွသွားတဲ့ ဘတ်စ်ကား တရုတ် မိတ်ဆက်

  • 3 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဝမ်းဗိုက်က ၆ ပေခွဲ မြင့်တဲ့အတွက် အောက်ကနေ တခြား ကားငယ်တွေ ကျော်ဖြတ်နိုင်။

တရုတ် နိုင်ငံမှာ Straddling Bus လို့ ခေါ်တဲ့ လမ်းပေါ် ခွသွားတဲ့ ဘတ်စ်ကားကို စတင် မိတ်ဆက် ပြေးဆွဲလိုက်ပါတယ်။

သူ့ရဲ့ ဝမ်းဗိုက်က ၆ ပေခွဲ မြင့်တဲ့ အတွက် သူ့အောက်ကနေ တခြား ကားငယ်တွေ ဖြတ်သန်း ကျော်ဖြတ် နိုင်ကြပါတယ်။

လျှပ်စစ် စွမ်းအင်နဲ့ မောင်းနှင်တဲ့ အဲဒီ ဘတ်စ်ကားဟာ အရှည် ၇၂ ပေ၊ အကျယ် ၂၅ ပေ ရှိပြီး ခရီးသည် ၃၀၀ အထိ တင်ဆောင် နိုင်ပါတယ်။

အဲဒီ ဘတ်စ်ကားကို တရုတ် အရှေ့မြောက်ပိုင်း၊ ချင်ဟွမ်ဒေါင် မြို့က မီတာ ၃၀၀ ရှိတဲ့ လမ်းပေါ်မှာ အစမ်း မောင်းနှင်ခဲ့ပါတယ်။

ဒီကားက တစ်နာရီ ကီလိုမီတာ ၆၀ အထိ မောင်းနိုင်ပြီး သာမန် ကားလမ်းတွေရဲ့ ဘေးနှစ်ဘက်မှာ သံလမ်းတွေ ထားပြီး ပြေးဆွဲနိုင်ကာ ရထားတွဲတွေလို ၄ စီးအထိ တွဲဆက် နိုင်တယ်လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ