ထောင်ဒဏ်တွေကို အိုဘာမား သက်ညှာ လျှော့ပေါ့ပေး

5_obama_reduce_prison_sentenc
Image caption ပြန်လွတ်လာမယ့် အထဲ ထောင်ဒဏ် တစ်သက် ကျခံ နေရသူ အကျဉ်းသား ၆၇ ယောက်လည်း ပါဝင်။

အမေရိကန် ပြည်ထောင်စုမှာ အကျဉ်းသား ၂၁၄ ယောက် ရဲ့ ပြစ်ဒဏ် အသီးသီး ကို သမ္မတ အိုဘားမားက လျှော့ပေါ့ ပေးလိုက်ပါတယ်။

ဒါဟာ အမေရိကန် သမိုင်းမှာ အနှစ် တစ်ရာ ကျော် အတွင်း တစ်ရက်တည်းနဲ့ အကျဉ်းသား ဦးရေ အများဆုံးကို သမ္မတ က ပြစ်ဒဏ် လျှော့ပေါ့ သက်ညှာ ပေးခဲ့တာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

အကြမ်းဖက် ရန်လိုခဲ့ခြင်း မရှိတဲ့ မူးယစ်ဆေး အမှုတွေမှာ ချမှတ် ခဲ့ ပြစ်ဒဏ်တွေဟာ လိုအပ်တာထက် ပြင်းထန် နေပြီး၊ ဥပဒေတွေဟာ ခေတ်နဲ့ အညီ ပြင်ဆင် ပြောင်းလဲ သင့်တယ်လို့ သမ္မတ အိုဘားမားက ရှု့မြင် ထားတဲ့ အားလျော်စွာ အခုလို လုပ်ဆောင် ပေးလာတာ ဖြစ်ပါတယ်။

ထောင်ကနေ ပြန်လွှတ် ပေးမယ့် အထဲ ထောင်ဒဏ် တစ်သက် ကျခံ နေရသူ အကျဉ်းသား ၆၇ ယောက်လည်း ပါဝင် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ