အာဖဂန်မှာ နိုင်ငံခြား ဧည့်သည်တွေ တိုက်ခိုက်ခံရ

  • 4 ဩဂုတ် 2016
Image caption နိုင်ငံခြားသား ခရီးသွားတွေ အာဖဂန် တပ်သား အစောင့်အရှောက်နဲ့ ဟီရတ်မြို့ကို သွားစဉ် တိုက်ခိုက်ခံရ။

အာဖဂန် နစ္စတန် အနောက်ပိုင်းမှာ နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေ တင်လာတဲ့ ယာဉ်တန်းကို စစ်သွေးကြွတွေလို့ ယူဆရသူတွေက တိုက်ခိုက်ခဲ့လို့ ၆ ဦး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံခြားသား ခရီးသည် ၁၂ ဦး ပါတဲ့ အဖွဲ့ဟာ အာဖဂန် တပ်သား အစောင့်အရှောက်တွေ လိုက်ပါပြီး ဟီရတ် မြို့ကို သွားစဉ် လမ်းမှာ တိုက်ခိုက် ခံရတာလို့ အာဖဂန် အရာရှိတွေက ဘီဘီစီကို ပြောပါတယ်။

ခရီးသည် ၁၂ ဦးက ဗြိတိန်က ၈ ဦး၊ အမေရိကန် ၃ ဦးနဲ့ ဂျာမန် ၁ ဦး တို့ ဖြစ်တယ်လို့ ဟီရတ်မြို့ အုပ်ချုပ်ရေးမှူးရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

အာဖဂန်က အဓိက လမ်းမကြီးတွေ အများစုမှာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ ဖမ်းဆီးမှုတွေ မကြာခဏ ရှိနေလို့ သွားလာဖို့ အန္တရာယ် ရှိပါတယ်။

အခုလို နိုင်ငံခြား ဧည့်သည်တွေကို တိုက်ခိုက်တာ ဘယ်အဖွဲ့ရဲ့ လက်ချက်လဲ ဆိုတာ မသိရသေး ပေမယ့် အာဖဂန်ထဲမှာ ဒီလို တိုက်ခိုက်မှုတွေကို လုပ်လေ့ရှိတဲ့ တာလီဘန် တွေရဲ့ လက်ချက်ပဲလို့ ယူဆရဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ