ဂရိမှာ ဒေါ်လာတသန်းတန် ဗလီဆောက်မယ်

  • 5 ဩဂုတ် 2016
athens mosque
Image caption မြို့တော်မှာ ယာယီ ဝတ်ပြုခန်းတွေပဲ သုံးနေရ

ဂရိ နိုင်ငံ အေသင် မြို့တော်လယ်မှာ ဒေါ်လာ တသန်း အကုန်ခံပြီး နိုင်ငံပိုင် ငွေနဲ့ ဗလီ ဆောက်ပေးဖို့ ပါလီမန် က အတည်ပြု ပေးလိုက်ပါတယ်။

ထောင်သောင်းချီတဲ့ မွတ်ဆလင် ရွှေ့ပြောင်း ဝင်လာသူ တွေ အတွက် မြို့တော်မှာ ယာယီ ဝတ်ပြုခန်းတွေပဲ သုံးနေရတဲ့ အတွက် ကူညီပေးဖို့ အာဏာရ ဆီရီဇာ ပါတီက ထောက်ခံပြီး အဆို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ညွန့်ပေါင်း အစိုးရ ထဲက အမျိုးသားရေး ဝါဒီ အမတ်တွေက ကန့်ကွက်ခဲ့ပါတယ်။

ဂရိမှာ စီးပွားရေး အကျပ်ဆိုက်နေချိန်မှာ ဒီလို ငွေတွေ မသုံးသင့်ဘူး လို့လည်း သူတို့က ဆိုပါတယ်။

ဂရိ အော်သိုဒေါက် ခရစ်ယာန် ကျောင်းတော် ကလည်း ဒီအစီအစဉ်ကို ကန့်ကွက်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ