ဂျပန်မှာ ကလေးသူငယ် ညှဉ်းပမ်းမှု အမြင့်ဆုံးရောက်

  • 4 ဩဂုတ် 2016

ဂျပန် နိုင်ငံမှာ ကလေးသူငယ် ညှဉ်းပမ်း နှိပ်စက်မှု အရေအတွက်ဟာ စံချိန်တင် အမြင့်ဆုံး ရောက်ခဲ့တယ်လို့ ဂျပန် အစိုးရရဲ့ စစ်တမ်းထဲမှာ ဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ နှစ် ၂၀၁၅ အတွင်းမှာ ကလေးသူငယ် ညှဉ်းပမ်းမှု အရေအတွက် စံချိန်တင် စုစုပေါင်း တစ်သိန်းနဲ့ သုံးထောင်ကို ဂျပန် လူမှုဖူလုံရေး အရာရှိတွေ ကိုင်တွယ် ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအရေအတွက်ဟာ ၂၀၁၄ ခုနှစ် ကထက် ၁၆ ရာခိုင်နှုန်း တိုးလာတာလည်း ဖြစ်ပါတယ်။

အဲဒီ အမှုတွေ အားလုံးရဲ့ ထက်ဝက်လောက်က အိမ်တွင်း အကြမ်းဖက်မှုတွေကို ကြုံကြရတဲ့ စိတ်ပိုင်း ဆိုင်ရာ ညှဉ်းပမ်း ခံရမှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို့ ကလေးသူငယ် ညှဉ်းပမ်းမှုနဲ့ ပတ်သက်ပြီး တိုင်ကြားဖို့ ဖုန်းခေါ်တဲ့ အရေအတွက်ကလည်း အရင်ထက် ၃ ဆ တိုးခဲ့တယ်လို့ သိရပါတယ်။

အခုလို ဂျပန်မှာ ကလေးသူငယ် ညှဉ်းပမ်းမှု အရေအတွက် တိုးလာတာဟာ ဂျပန် ရဲတပ်ဖွဲ့က ဒီလို မှုခင်းမျိုးတွေကို ပိုမို စုံစမ်း စစ်ဆေး လာတာကြောင့်လည်း ဖြစ်တယ်လို့ တချို့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ