လန်ဒန်မြို့လယ်မှာ ဓားနဲ့တိုက်ခိုက်

  • 4 ဩဂုတ် 2016
london
Image caption ရပ်ဆဲ စကွဲ ပန်းခြံ မှာ ဓားနဲ့တိုက်ခိုက်

လန်ဒန်မြို့လယ်က ရပ်ဆဲ စကွဲ ပန်းခြံ မှာ ဓားနဲ့တိုက်ခိုက်မှုကြောင့် အမျိုးသမီး တယောက် သေဆုံးပြီး လူ ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ည ၁ဝ နာရီ ခွဲကျော်မှာ လူတယောက် ဓားကိုင်ပြီး တိုက်ခိုက်နေတယ်လို့ သတင်းရလို့ ရဲ နဲ့ သူနာပြုတွေ ရောက်လာခဲ့ပါတယ်။

အခင်းဖြစ်ပွားရာမှာ လူ ၆ ယောက် ဒဏ်ရာရနေပြီး ဒီထဲက အမျိုးသမီး က မကြာခင်မှာ သေဆုံးသွားပါတယ်။

ကျူးလွန်သူကိုလည်း ချက်ချင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ကျူးလွန်မှု အကြောင်းကို ရှာနေပြီး အကြမ်းဖက်မှုက အကြောင်းခံ ဖြစ်နိုင်တယ်လို့ လန်ဒန်ရဲ အဖွဲ့က ဆိုပါတယ်။

ပန်းခြံ အပြင်ဘက် လမ်းပေါ်မှာ ရဲတွေ အပြည့်ချ ထားပြီး လူတွေကို ရှင်းနေပါတယ်။

လူတွေ ဒဏ်ရာ ဘယ်လောက်ပြင်းတယ်ဆိုတာ ချက်ချင်း မသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ