ကိုလံဘီယာသူပုန်တွေ လက်နက်ဖြုတ်ဖို့ ပြင်

  • 5 ဩဂုတ် 2016
farc ဓာတ်ပုံ မူပိုင် AFP
Image caption ၆ လ အတွင်း သူပုန် တွေ လက်နက်ချမယ်

ကိုလံဘီယာ နိုင်ငံမှာ အစိုးရနဲ့ လက်ဝဲယိမ်း FARC သူပုန်တွေကြား နှစ် ၅ဝ ကျော် ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ နောက်တဆင့် တက်လိုက်ပါပြီ။

ထောင်နဲ့ချီတဲ့ သူပုန် ပြောက်ကျားတွေကို လက်နက်ဖြုတ်ဖို့ အတွက် ကုလ သမဂ္ဂ စီစဉ် ပေးမှုနဲ့ အချိန်ဇယား ထားရှိဖို့ သဘောတူခဲ့ကြတာပါ။

ဒိသဘောတူညီမှု အရ ကြားအဆင့် ၃ ဆင့် ထားရှိမယ်၊ နောက် နိုင်ငံ အဝှမ်း စခန်းကြီး ၈ ခု ဖွင့်ပြီး ၆ လ အတွင်း သူပုန် တပ်သားတွေကို လာရောက် လက်နက် ချစေမှာ ဖြစ်ပါတယ်။

သူပုန်ဘက်က ကိုယ်စားလှယ်တွေ နိုင်ငံ အနှံ့ လွတ်လပ်စွာ သွားလာခွင့်ပြုပြီး ဒီဖြစ်စဉ်ကို အကဲခတ်ခွင့် ပြုမှာပါ။

အငြင်းပွားမှု ရှိလာရင်လည်း ကုလ သမဂ္ဂကပဲ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ