အီရန်မှာ ပိုကီမွန် ဂိုး ဂိမ်းပိတ်

  • 6 ဩဂုတ် 2016
iran ဓာတ်ပုံ မူပိုင် AFP
Image caption လုံခြုံရေး အကြောင်းပြချက်နဲ့ တားမြစ်

အီရန်မှာ အာဏာပိုင်တွေက ဖုန်းနဲ့ ပိုကီမွန် ဂိုး ဂိမ်းကစားတာကို ပိတ်ပင်လိုက်ပါတယ်။

လုံခြုံရေး အကြောင်းပြချက်နဲ့ ခုလို တားမြစ်တာလို့ အီရန်ရဲ့ အင်တာနက် လှုပ်ရှားမှု စောင့်ကြည့်ရေး ကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။

အသေးစိတ်ကိုတော့ သေချာ မသိရပါဘူး။

တကယ့် ကမ္ဘာ့နေရာတွေမှာ ဂိမ်းထဲက ဇာတ်ကောင်တွေကို လိုက်ရှာဖို့ ပိုကီမွန်ဂိုးက ဖန်တီးထားတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနဲ့ အစ္စရေးလို နိုင်ငံတွေမှာလည်း အလားတူ ဒီဂိမ်းကြောင့် လုံခြုံရေး စိုးရိမ်မှု တွေရှိနေပါတယ်။

စစ်စခန်းတွေနားမှာ ဒီဂိမ်းလာဆော့ရင် လုံခြုံရေး အတွက် ပေါက်ကြားမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ