ရီယို အိုလံပစ် ပွဲတော် ဖွင့်လှစ်

  • 6 ဩဂုတ် 2016
Rio openning ဓာတ်ပုံ မူပိုင် EPA
Image caption ပသာဒ ဖြစ်လှတဲ့ ရီယို အိုလံပစ် ဖွင့်ပွဲ

ဘရာဇီးနိုင်ငံ ရီယို ဒီ ဂျနေယိုမှာ ၂၀၁၆ အိုလံပစ် အားကစား ပြိုင်ပွဲကို စတင် ဖွင့်လှစ်လိုက်ပါပြီ။

မာကာရာနာ အားကစားကွင်းမှာ ကျင်းပတဲ့ ဒီဖွင့်ပွဲ အခမ်းအနားမှာ နိုင်ငံ ၂ ရာကျော်က ကစားသမားတွေ တက်ရောက်ကြပါတယ်။

ဒီဖွင့်ပွဲကြီးဟာ ဘရာဇီးရဲ့ ကြွယ်ဝ စုံလင်တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ကို ကိုယ်စားပြု လိမ့်မယ် လို့လည်း ပွဲစီစဉ်သူတွေ က ဆိုခဲ့တဲ့ အတိုင်း အရောင်တွေ၊ ကွန်ပြူတာ ဂရပ်ဖစ် ပုံရိပ်နည်းပညာတွေ၊ အက ပညာရှင်တွေ ရဲ့ ကကြိုးတွေ ၊ သီချင်း တွေ နဲ့ ကြည့်ရှုလို့ ကောင်းလှပါတယ်။

ကမ္ဘာပေါ်က လူပေါင်း သန်း ၃ ထောင်လောက်က ဒီဖွင့်ပွဲ ကို ရုပ်မြင်သံကြား ကနေ ကြည့်ရှု လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

အားကစားသမား ပေါင်း တသောင်းကျော် ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး မြန်မာနိုင်ငံက ပြေးခုန်ပစ်၊ ရေကူး၊ သေနတ်ပစ်၊ မြားပစ် စတဲ့ အားကစားနည်း ၄မျိုးမှာ အားကစားသမား ၆ ဦးဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ရီယို က ဒီ ၃၁ ကြိမ်မြောက်အိုလံပစ် ပွဲတော်ကို သြဂုတ်လ ၂၁ ရက် နေ့အထိ ကျင်းပကြမှာပါ။