စင်ကာပူဘက် ဒုံးကျည်နဲ့ပစ်မယ့် လူ ၆ဦးကို အင်ဒိုနီးရှား ဖမ်းမိ

  • 5 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် GETTY
Image caption စင်ကာပူက မာရီနာ ဘေးမှာ ရှိတဲ့ ကမ္ဘာလှည့် ခရီးသွားတွေ စိတ်ဝင်စားရာ Marina Bay Sands

စင်ကာပူ နိုင်ငံဘက်ကို ပစ်ခတ် တိုက်ခိုက်ဖို့ ကြံစည်တဲ့ လူ ၆ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်တယ်လို့ သိရပါတယ်။

၁၉ နှစ် ကနေ ၄၆ နှစ်ကြား အရွယ် အသီးသီး ပါဝင်တဲ့ အဲဒီ ၆ ဦးကို အင်ဒိုနီးရှား နိုင်ငံဘက်က ဘာတမ်ကျွန်း အနီး နေရာအနှံ့မှာ ဒီကနေ့ သောကြာနေ့က ဖမ်းဆီး မိခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့ အစီအစဉ်ထဲမှာ ဘာတမ်ကျွန်းကနေ စင်ကာပူ တောင်ပိုင်းက အချက်အချာကျတဲ့ မာရီနာ ဘေး နေရာကို ဒုံးကျည်နဲ့ လှမ်းပစ်မယ့် အစီအစဉ်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

စင်ကာပူ အာဏာပိုင်တွေကတော့ လုံခြုံရေးအတွက် တိုးမြှင့် ဆောင်ရွက် ထားတယ်လို့ ပြောပါတယ်။

ဖမ်းမိထားတဲ့ အင်ဒိုနီးရှား နိုင်ငံသား ၆ ယောက်ကို စစ်ဆေး နေဆဲဖြစ်တယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။ သူတို့တွေ စင်ကာပူဘက်ကို ဒုံးကျည်နဲ့ တကယ် တိုက်ခိုက်နိုင်စွမ်း ရှိမရှိ အသေအချာ မသိရသေးပါဘူး။

သူတို့တွေဟာ ဂျာကာတာမြို့မှာ တိုက်ခိုက်ခဲ့တဲ့ အင်ဒိုနီးရှား စစ်သွေးကြွ Bahrun Naim ဆိုသူနဲ့ ဆက်စပ်မှု ရှိသလား ဆိုတာကို သိရဖို့ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ