ပြင်သစ်မှာ စားသောက်ဆိုင် မီးလောင်ရာ ၁၃ ဦးသေဆုံး

  • 6 ဩဂုတ် 2016
france ဓာတ်ပုံ မူပိုင် Reuters
Image caption မီးလောင်မှု ဖြစ်ပွားခဲ့ရာ စားသောက်ဆိုင်

ပြင်သစ်နိုင်ငံ မြောက်ပိုင်း ရူယွန် မြို့ က စားသောက်ဆိုင် တဆိုင်မှာ စနေနေ့ မနက် အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ရာမှာ လူ ၁၃ ဦးထက်မနည်း သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီဆိုင်မှာ ကျင်းပခဲ့တဲ့ မွေးနေ့ပွဲမှာ မွေးနေ့ ကိတ်မုန့်မှာ ထွန်းတဲ့ ဖယောင်းတိုင်တွေက တဆင့် မီးစတင်လောင်ကျွမ်း ခဲ့တာ ဖြစ်တယ်လို့ ရဲက ပြော ပါတယ်။

အဲဒီဆိုင်ရဲ့ မျက်နှာကျက်က ပစ္စည်းတွေ မီးလောင်ရာမှာ ထွက်လာတဲ့ ဓာတ်ငွေ့တွေထဲမှာ အဆိပ်ပြင်းတဲ့ ဓာတ်ငွေ့တွေ ပါခဲ့လို့ ရှုမိပြီး သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။ အကြမ်းဖက် တိုက်ခိုက်ခံရတာမျိုး မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

သေဆုံးခဲ့သူတွေထဲမှာ ဆယ်ကျော်သက်တွေနဲ့ ၂၀ စွန်းစွန်းတွေ အများစု ဖြစ်ပါတယ်။