အလက်ပ်ပိုမှာအစိုးရတပ် ပိတ်ဆို့မှု ကျိုးပေါက်

  • 7 ဩဂုတ် 2016
syria_aleppo
Image caption စနေနေ့ တုန်းကပဲ အစိုးရ တပ်နဲ့ သူပုန်တွေကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့။

ဆီးရီးယား နိုင်ငံ အလက်ပ်ပို မြို့က လာတဲ့ သတင်းတွေ အရ အစိုးရ စစ်တပ်က ဝိုင်းရံ ပိတ်ဆို့ ထားတာကို ထိုးဖောက်ပြီး သူပုန် ထိန်းချုပ် နယ် မြေ တွေထဲ ထောက်ပံ့ ရေး ပစ္စည်းတွေ ဝင်ရောက် သွား နိုင်ခဲ့တယ် လို့ ဆိုပါတယ်။

ဟင်းသီးဟင်းရွက်တွေ တင်ဆောင် ထားတဲ့ လော်ရီ ကုန်တင်ကား တစ်စီးဟာ အတိုက်အခံ တပ်တွေ ထိန်းချုပ် ထားရာ အလက်ပ်ပို မြို့ အရှေ့ဘက် ခြမ်း နယ် ထဲ ဝင်ရောက် သွား နိုင် ခဲ့တာ ဖြစ်ပါတယ်။

အခုလို ဝင်ရောက် သွားနိုင်ခဲ့တဲ့ လမ်းကြောင်းကို အရပ်သား တွေ အသုံးပြုမယ် ဆိုရင်တော့ သိပ် အန္တရာယ်ကြီး လွန်းတယ် လို့ ဆီးရီးယား အရေး လှုပ်ရှား သူတွေက ပြောပါတယ်။

အလက်ပ်ပို မှာ ပြီးခဲ့တဲ့ စနေနေ့ တုန်းကပဲ အစိုးရ တပ်နဲ့ သူပုန်တွေကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့ပါတယ်။

အစိုးရတပ် ဘက်က တော့ အခုလို သူတို့ ပိတ်ဆို့မှု ကျိုးပေါက် သွားခဲ့တယ် ဆိုတဲ့ အချက် မမှန်ကန် ဘူး လို့ ပြောဆို နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ