အာဏာသိမ်းမှု ရှုံ့ချပွဲမှာ တူရကီ သမ္မတ သေဒဏ်ကို ထောက်ခံ

  • 8 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption တူရကီ အတိုက်အခံ ခေါင်းဆောင် တွေ အပြင်၊ စစ်တပ် အကြီး အကဲ နဲ့ သမ္မတ ရီကျက် တာရစ် အာဒိုဝန် တို့ တက်ရောက်

ဇူလိုင် လက တူရကီ နိုင်ငံမှာ မအောင်မမြင် ဖြစ်ခဲ့ရတဲ့ စစ်တပ် အာဏာ သိမ်းမှု ရှုံ့ချ ပြစ်တင် ပွဲ ကို အီစတန်ဘူ မြို့မှာ ကျင်းပ ခဲ့ပြီး ထောင်နဲ့ချီ တဲ့ လူတွေ တက်ရောက်ခဲ့ပါတယ်။

စစ်တပ် က အာဏာ သိမ်းမှု ကို ရှုံ့ချ ပြစ်တင် တဲ့ အခမ်း အနား မှာ တူရကီ အတိုက်အခံ ခေါင်းဆောင် တွေ အပြင်၊ စစ်တပ် အကြီး အကဲ နဲ့ သမ္မတ ရီကျက် တာရစ် အာဒိုဝန် တို့ တက်ရောက် ခဲ့ပါတယ်။

သမ္မတာ အာဒိုဝန် က တက်ရောက် လာတဲ့ လူထု ကို မိန့်ခွန်း ပြောကြားရမှာတော့ ဥရောပ သမဂ္ဂ အတွင်းမှာ သေဒဏ်ပေးမှု မရှိရဘူးလို့ ပြောနေကြောင်း ဒါပေမယ့် အမေရိကန်မှာ ရှိတယ်၊ ဂျပန်မှာ ရှိတယ်၊ တရုတ်မှာ သေဒဏ် ပေးတာ တွေ ရှိကြောင်း တူရကီမှာ ၁၉၈၄ ခုနှစ် အထိ ရှိနေခဲ့ကြောင်း ထည့်သွင်း ပြောကြား ပါတယ်။

အကယ်၍ တူရကီ ပါလီမန် က အတည်ပြု ထောက်ခံမယ် ဆိုရင် သေဒဏ် အပြစ်ပေးမှု ဥပဒေ ဟောင်း ကို ပြန်လည် အတည်ပြုမယ်လို့ သမ္မတ အာဒိုဝန်က ပြောပါတယ်။

အမေရိကန် နိုင်ငံမှာ အခြေစိုက်တဲ့ အတိုက်အခံ ဖာတူလာ ဂူလန် ကို ထောက်ခံ ကြသူတွေ အားလုံး တူရကီ မှာ မရှိစေရဘူးလို့လည်း သမ္မတ အာဒိုဝန်က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ