ပါဝါပြတ်မှုကြောင့် ဒယ်လ်တာ လေကြောင်း ခရီးသည်တွေ သောင်တင်နေ

  • 8 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဒယ်လ်တာ ခရီးစဉ်တွေ နှောင့်နှေးမှုကို လပ်စ် ဗေးဂက်စ်မြို့က ခရီးသည်တွေ အများဆုံး ကြုံရ။

လျှပ်စစ်ပါဝါ ပြတ်တောက်မှု တစ်ခုကြောင့် အမေရိကန် လေကြောင်းလိုင်း ဒယ်လ်တာရဲ့ ကမ္ဘာအနှံ့ လေယာဉ် ခရီးစဉ်တွေကို ရပ်ဆိုင်း ခဲ့ရပြီး လေကြောင်း ခရီးသည် ထောင်ပေါင်းများစွာဟာ လေဆိပ်တွေမှာ သောင်တင် နေကြပါတယ်။

အခုလို ခရီးစဉ် နှောင့်နှေးမှုတွေကို အမေရိကန်၊ ဂျပန်၊ အီတလီနဲ့ ယူကေ နိုင်ငံတွေက ခရီးသည်တွေ ကြုံကြိုက် ခဲ့ရပါတယ်။

တနင်္လာနေ့က ဖြစ်ခဲ့တဲ့ ပါဝါ ပြတ်တောက်မှုကနေ ကွန်ပျူတာ စနစ် ချို့ယွင်း ခဲ့ရပြီးနောက် လေဆိပ် check-in စနစ်တွေ၊ ခရီးသည် လမ်းညွှန်ချက်တွေ၊ လေကြောင်းလိုင်း ဝက်ဘ်ဆိုက်နဲ့ မိုဘိုင်းဖုန်း app တွေကိုပါ ထိခိုက် စေခဲ့တာပါ။

၆ နာရီကြာ ရပ်ဆိုင်းခဲ့ပြီးနောက် ဒယ်လ်တာက ခရီးစဉ် တချို့ကို အကန့်အသတ်နဲ့ ပြန်ဖွင့်ပေး ခဲ့ပါတယ်။ ဒါပေမယ့် နှောင့်နှေးတာတွေ၊ ခရီးစဉ် ပယ်ဖျက်တာတွေကို ထပ်ကြုံနိုင် သေးတယ်လို့လည်း သတိပေး ထားပါတယ်။

ဒယ်လ်တာဟာ ကမ္ဘာပေါ်မှာ တတိယမြောက် အများဆုံး ခရီးသည် သယ်ယူပို့ဆောင် ပေးတဲ့ လေကြောင်းလိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ